Part 16

1.1K 142 19
                                    

Unicode

ကားလေးဟာ တစ်ငြိမ့်ငြိမ့်ဖြင့် အိမ်သို့ ဦးတည်နေတာဖြစ်သည်။ ကားအတွင်း၌လည်း တိတ်ဆိတ်နေတာဖြစ်ပြီး ကားမောင်းရင်းဖြင့် ဘေးနားမှာ ကားမှန်ကနေတစ်ဆင့် အပြင်ဘက်ကို မှိုင်စွာဖြင့် ကြည့်နေသည့် ကောင်ကလေးကို တစ်ချက်တစ်ချက် ကြည့်နေမိသည်။ 

အသွားတုံးက ဆိုင်ကယ်နဲ့ဆိုပင်မဲ့ သူ့အဖေဖုန်းဆက်လာတုံးက စိတ်ပူပြီးရောက်နေသည့်နေရာကနေ သူငယ်ချင်းရဲ့ ကားကို ကောက်ယူလာခဲ့တာဖြစ်သည်။ ဒါကြောင့်အပြန်ကို နှစ်ယောက်သားကားနဲ့ပြန်လာခဲ့တာဖြစ်သည်။ ကျောင်းချိန်ဆိုပင်မဲ့ ကျောင်းကိုခေါ်သွားဖို့ စိတ်အဆင်မပြေတော့တာမို့ အိမ်သို့ ပြန်ခေါ်လာတာဖြစ်သည်။ 

ကားကိုခြံအတွင်းထဲသို့ မောင်းလိုက်ပြီး အိမ်ရှေ့တွင် ရပ်လိုက်သည်။ 

"နေလို့အဆင်ပြေရဲ့လား။"

Jungkook စကားကို ခေါင်းငြိမ့်ပြလာသည်။ ဒါဆိုအခြေအနေက အစောနလောက်မဆိုးတောဘူးပေါ့။ကားခါးပတ်ကို ဖြုတ်လိုက်ပြီး ကားပေါ်ကနေ Jungkook ကအရင်ဆင်းလိုက်သည်။ အိမ်တော်ကြီးက Jungkook ကိုမြင်တော့ ပြေးရောက်လာသည်။ 

အိမ်တော်ထိန်းကြီးက ကားထဲက Taehyung ကိုပါ မြင်သည်နှင့် စကားစပြောလာသည်။ 

"သခင်ငယ်လေးရော ပါလာတာလား။ ကျွန်တော်တို့သွားကြိုပေးဖို့ ပြောထားတာပါ သခင်လေး။"

"မဟုတ်ဘူး။ သူ့ကိုကျောင်းက ခေါ်လာတာမဟုတ်ဘူး။ ကားကို တစ်ယောက်ယောက်သိမ်းခိုင်းလိုက်...မနက်ကျရင် ကျွန်တော့်သူငယ်ချင်း ဆိုင်ကယ်နဲ့လာယူလိမ့်မယ်။ ဆိုင်ကယ်ကို ပြန်သိမ်းထားလိုက်။"

ကားသော့ကို အိမ်တော်ထိန်းကြီးလက်ထဲသို့ ထည့်ပေးလိုက်သည်။ Taehyung လည်း ကားပေါ်ကနေ ဆင်းလာသည်။ Jungkook နဲ့အိမ်တော်ထိန်းကြီးကိုသာ ကြည့်ရင်း ဘာမှတော့မပြောပေ။ 

"Taehyung။ မင်းနေလို့ရောကောင်းလား...စိတ်အခြေအနေရော အဆင်ပြေရဲ့လား...ကိုယ်မေးတာကို သေချာဖြေ။"

"ကျွန်တော်ဘာမှမဖြစ်တော့ပါဘူး Jungkook..အဲ့တာမို့ကြောင့် ကျွန်တော်သွားနားလို့ရမလား။"

EspressoWhere stories live. Discover now