Part 4

1.6K 186 32
                                    

Unicode

လက်ကနေ ဇွတ်အတင်းဆွဲလာပြီး ကျောင်းနားက ကော်ဖီဆိုင်ထဲသို့ ခေါ်လာသည်။ စာသင်ရင်းကို သိရဲ့နဲ့ လုပ်ချင်ရာတွေလုပ်နေသလို မူပိုင်အတိုင်း ဘာမှမပြောဘဲနဲ့သာ ကြည့်နေမိတော့သည်။ 

"ဘာစားမလဲ...ကိုယ့်ကို ထပ်ငြင်းရင်တော့ မနေ့ကလို ဖြစ်မလားဘဲ။"

သူ့ဘာသာသူမေးပြီး သူ့ဘာသာသူသဘောကျစွာဖြင့် ရယ်ရင်းပြောလာသည်။ ဘာမှလည်း မပြောချင်တာမို့ တိတ်ဆိတ်စွာဖြင့် မီနူးစာအုပ်ကို ကောက်ကိုင်လိုက်ကာစားချင်တာတစ်ခုကိုမှာလိုက်သည်။

သူက စားဖို့ဘာမှ မမှာဘဲ Espresso တစ်ခွက်တဲ့။ 

"ဘာသောက်မှာလဲ..."

"တော်ပြီ...ကော်ဖီမသောက်တတ်လို့..."

"တစ်ခုခုသောက်သင့်တယ်..ဒါမှမဟုတ် မင်းရွေးရခက်နေရင် ဝန်ထမ်းတွေကို မေးပြီးသောက်သင့်တာပေါ့.."

ရပ်နေသည့် ဝန်ထမ်းကောင်မလေးကို မျက်ခုံးပင့်ပြလိုက်သည်။ သဘောက ကျွန်တော့်အတွက် ဘယ်ဟာသောက်သင့်သလဲ အကြံပေးခိုင်းနေတာ။ သူဘယ်လိုပြောပြော ကျွန်တော်ကိုယ်တိုင်က ကော်ဖီကိုလုံးဝမကြိုက်တာ ဖြစ်သည်။ 

"အာ..ကျောင်းသားလေးက ကော်ဖီအခါးမကြိုက်ရင် Cappuccino ကို သောက်ကြည့်မလား...သူက Espresso နဲ့ Milk အပြင် Foamed Milk နဲ့ပေါင်းစပ်ပေးထားတာမို့ အခါးဘက်ကိုလုံးဝမသွားဘဲ ဆိမ့်တဲ့အရသာလေးကိုရမှာပါရှင့်။"

Taehyung ခေါင်းယမ်းပြလိုက်သည်။ ကြိုက်မှမကြိုက်တာ Jeon Jungkook ကဘာတွေဖြစ်စေချင်နေတာလဲ။

"ဒါဆို Latte ကို try ကြည့်မလား...Latte ကကော်ဖီထဲမှာ လူကြိုက်အများဆုံးထဲက တစ်ခုပေါ့...Espresso နည်းနည်းကို နို့တစ်ဝက်လောက်နဲ့ ရောစပ်ပေးထားတာမို့ ဆိမ့်တယ်...ကြိုက်မှာပါရှင့်..."

"အားနာပင်မဲ့ ဒီတိုင်းမှာထားတဲ့စားစရာကိုဘဲချပေးပါ...ကျွန်တော်က ကော်ဖီကိုလုံးဝမသောက်တတ်တာမို့..."

Jungkook ကိုကြည့်ကာဖြင့် ပြောလိုက်သည်။  သူကလည်း ကျွန်တော့်ကိုပြန်ကြည့်နေတာဖြစ်ပြီး ပြုံးသွားသည်။ စိတ်ညစ်စရာကောင်းလိုက်တဲ့ ခံစားချက်မျိုး။

EspressoWhere stories live. Discover now