Unicode
တိတ်ဆိတ်နေသည့် အိမ်ကြီးထဲတွင် Jungkook ရဲ့ခြေသံက ပြင်းပျပျဖြင့်။ ကျောင်းတစ်ဖက်နဲ့အလုပ်ဝင်နေသည်မို့ Jungkook အဖို့ အားလပ်ချိန်က ညအိပ်ချိန်လောက်သာ ဖြစ်သည်။ သို့ပင်မဲ့ ဖြစ်ချင်သည့်စိတ်ကြောင့် ပင်ပန်းနေသည်လို့လည်းမခံစားရသည်မို့ ပေါ့ပါးလျက်ဖြင့် လူငယ်ပီပီ စိတ်အားထက်သန်လျက်ရှိသည်။
"Jeon Jungkook..."
အောက်ထပ်သို့ ဆင်းခန်နီး အလုပ်ခန်းထဲကနေ ထွက်လာပြီး ခေါ်လာသည့် ဒယ်ဒီအသံကြောင့် Jungkookခြေလှမ်းတွေ ရပ်တန့်သွားစွာဖြင့် လှည့်ကြည့်လိုက်သည်။ နာရီကိုလည်း ငုံ့ကြည့်လျက် ခြေလှမ်းတွေက အခန်းပေါက်ဝသို့။
"ဘာကိစ္စလဲ ဒယ်ဒီ"
"မင်းအားလား။"
နာရီကို ပြန်ငုံ့ကြည့်ပြီး ဒယ်ဒီကို ခေါင်းငြိမ့်ပြလိုက်သည်။ ဒယ်ဒီပုံစံက ပြောစရာတစ်ခုခုရှိသည်နှင့်ဆင်တူသည်မို့ Jungkook ကိုယ်တိုင်လည်း အလုပ်ခန်းသို့ ဝင်သွားလျက်။
ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်က ဖန်လုံးလေးကို လှည့်လျက်လက်ကစားနေပင်မဲ့ မျက်ဝန်းက ဒယ်ဒီ့ကို ကြည့်လိုက်သည်။
"မင်းအခုတလော မင်းသူငယ်ချင်းတစ်ယောက်နဲ့ Car Showroom စပ်တူလုပ်ထားတယ်ဆို..."
"သေးသေးလေးပါ...ဒယ်ဒီ့လုပ်ငန်းလောက်တော့ ဘယ်ကြီးမလဲ။"
"အဲ့တာကို ဒီတိုင်းလွှတ်ထားခဲ့လို့ရမလား..."
"ကျွန်တော်လည်း ရှယ်ယာဝင်မို့ ဘယ်နှယ့်တော့လွှတ်ထားလို့ရပါ့မလဲ...။ဒယ်ဒီ့ အဲ့ကိစ္စကနေ ခေါင်းလှည့်လာတော့ ကျွန်တော့်အတွက်ဘာများစီစဉ်ထားနေလို့လဲ။ စိတ်ဝင်စားစရာဘဲ။"
ဒယ်ဒီက သဘောတကျရယ်သည်။ ထို့နောက် ထည့်ထားသည့် ဘရန်ဒီတစ်ခွက်ကို ဒယ်ဒီက မော့လိုက်ရင်း Jungkook နည်းတူ စူးစိုက်ကြည့်လာလျက်။ ဒယ်ဒီနဲ့ သူက အကျင့်စရိုက်တစ်ပုံစံတည်းပင်မဲ့ တစ်ယောက်အတွေးတစ်ယောက်ကို ချက်ချင်းခန့်မှန်းနိုင်ကြသည်။ ဒါကြောင့် Jungkook စိတ်ထဲမှာလည်း ဒယ်ဒီ့ကို စီးပွာရေးသိပ်ပြိုင်ချင်သည်။ လုပ်ကောင်းသည့်အရာမဟုတ်တာမို့ စီးပွားရေးစတည်မှုကို ဒယ်ဒီနဲ့မတူသည့် ဈေးကွက်ဘက်ကို ဖောက်ထွက်လိုက်တာဖြစ်သည်။
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...