Part 18

1.2K 155 23
                                    

Unicode

ပေါင်ပေါ်မှာရှိနေသည့်အနေအထားဖြင့်ရပ်လိုက်တော့ ခြေထောက်လေးနှစ်ဖက်က ခါးထက်သို့ ချိတ်တွယ်လာသည်။

"Jungkook...ဖယ်ပေးပါ..တစ်ယောက်ယောက်မြင်သွားရင်အထင်လွှဲလိမ့်မယ်။"

"မင်းက ကိုယ့်လူဆိုတာ တစ်ကျောင်းလုံးအပြင် ကျောင်းအုပ်ကပါ သိတယ်...ဒါကြောင့် အရေးမပါတာတွေ စိတ်ထဲမထည့်သင့်ဘူး။"

"ဒီလိုမျိုး ကျွန်တော်ကြိုက်လည်းမကြိုက်လို့ပါ...အဲ့တာမို့ကြောင့်မလုပ်နဲ့နော်။"

ဒီတစ်ခါတွင်တော့ Taehyung ကိုစားပွဲပေါ် ပြန်တင်လိုက်သည်။ သို့ပင်မဲ့ ဖက်ထားခြင်းတော့ လွှတ်ထွက်သွားခြင်းမရှိသေးတာမို့ အလွှတ်မပေးသေးဘူးဆိုတာ သိလိုက်ရသည်။ 

"Jungkook..."

"အင်း...အဲ့တာလေးကို ကြိုက်တယ်..ခေါ်ပေးပါ...အမြဲ...ဟမ်.."

"ဟင့်အင်း..ဖယ်ပါတော့ ကျွန်တော်စိတ်လှုပ်ရှားရင် အဲ့လိုခေါ်သလိုဖြစ်သွားတာပါ..."

"ကိုယ်ကြိုက်တယ်...။"

ခြေထောက်နှစ်ဖက်ကို စိထိုင်ထားသည့်အနေအထားကို ဖြစ်နေပြန်တာမို့ လက်တစ်ဖက်က ပေါင်လေးပေါ်ကို ပွတ်သပ်လိုက်ပြီး ခြေထောက်ကိုခွဲလိုက်ကာ ထို့ကြားထဲသို့ Jungkook ရဲ့ခန္ဓာကိုယ်က ဝင်ကိုင်းလာသည်။ 

ပါးလေးကို အုပ်ကိုင်လိုက်တော့ ရှိုက်သံသဲ့သဲ့လေး။ သေချာတာတစ်ခု သိလိုက်ရတာက Taehyung ကအထိအတွေ့တွေမှာ ခံနိုင်ရည်မရှိပေ။ 

နှုတ်ခမ်းလေးဟာ တစ်ဆတ်ဆတ်တုန်ရီနေခြင်းက အနိုင်ကျင့်ချင်စရာကောင်းလှပြီး စိတ်ကိုအဆုံးအထိလွှတ်လိုက်ရင် ပေါက်ပြဲကုန်သည်အထိကို ဖြစ်မှာ။ လက်သေးသွယ်သွယ်လေးက ရင်ဘတ်ကိုတွန်းလာသည်။ အားချင်းမမျှတာမို့ Jungkook ခန္ဓာကိုယ်က ရွေ့သွားခြင်းမရှိလေဘဲ ပိုတိုး၍သာအခြေအနေဖြစ်သည်။ 

မျက်ဝန်းကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်ထားတာပါ ပြေလျော့သွားလျက်။ အသက်ရှူသံအချင်းချင်းက ကပ်ငြိနေတာ လေတိုက်ခြင်းကြောင့် လွင့်မြောနေသည့် ဆံနွယ်လေးတွေကြားထဲက အမွှေးရနံ့သည် Jungkook အတွက် စွဲလမ်းစေဖို့လုံလောက်သည်။ 

EspressoWhere stories live. Discover now