Part 9

1.5K 179 24
                                    

Unicode

ဆေးရုံတင်လိုက်ရတာမဟုတ်ပင်မဲ့ Jungkook သည်ဆရာဝန်ကို ခေါ်လိုက်တာဖြစ်သည်။ တစ်ဆက်တည်း မကြာခင်မှာဘဲ ရှေ့ဆင့်နောက်ဆင့် Taehyung ရဲ့ အပါးနဲ့ သူ့အမျိုးသမီးကရောက်လာတာ။ 

အခုတော့ ကုတင်ပေါ်မှာ သတိလစ်ကာဖြင့် ဆေးချိတ်ထားသည့် ကောင်လေးကို Jungkook တစ်စိမ့်စိမ့်ကြည့်နေရင်း မသိမသာ ပြုံးနေမိတာ။ 

"သားက ဦးလေးသားရဲ့ သူငယ်ချင်းဖြစ်မယ်"

ဝင်လာသည့် Taehyung အဖေကြောင့် ထကာဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာပါ..."

"သားရှိနေလို့ ဦးလေးသား ဘာမှမဖြစ်သွားတာ...ကျေးဇူးတင်ပါတယ်ကွာ..."

"ရပါတယ်..ဦးလေး...ကျွန်တော်လည်း သူကျောင်းမလာတော့ သတင်းမေးရင်းရောက်လာတာ...ကျွန်တော်ရှိနေလို့ပေါ့...ကံကောင်းသွားတာ..."

ဦးလေးက ခေါင်းတစ်ငြိမ့်ငြိမ့်ဘဲ ကုတင်ပေါ်က သူ့သားကို ကြည့်နေတာ။ သေချာတောင်ဂရုမစိုက်ဘဲ လဲကျမှ စိတ်ပူနေတယ်တဲ့လား။ ကံကောင်းသွားတာမှမဟုတ်တာ တမင်တကာဘဲကို။ အားကိုးမလားစိတ်နဲ့ အပြောဆိုးလိုက်တာ သတိလစ်သွားတဲ့အထိတော့ မတတ်နိုင်ဘူးလေ...။

အဲ့နေရာမှ သေသွားရင်တောင် ခေါ်သွားအုံးမှာ...အဲ့တာမှ တကယ်ကံကောင်းတာ။

"ဦးလေးလည်းရှိနေပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်...တစ်ခုခုဆို ဆက်သွယ်လို့ရအောင် ကျွန်တော့်ဖုန်းနံပါတ်ထားခဲ့မယ်နော်"

"အေးကွာ...ကျေးဇူးတင်ပါတယ်"

ခေါင်းငြိမ့်ပြလိုက်ပြီး ဖုန်းနံပတ်ကို ပေးခဲ့လိုက်ကာ အောက်ထပ်ဆင်းလာတော့ မီးဖိုခန်းထဲက ထွက်လာသည့် အမျိုးသမီးကို မြင်လိုက်ရသည်။ သူမက ပြုံးပြလာပင်မဲ့ တည်တံ့နေသည့် မျက်နှာက မပြောင်းလဲသွားကာ သူမကို လျစ်လျူရှုလိုက်သည်။ အလကားတွေ...စိတ်ပျက်စရာတွေမို့ မြင်ချင်စိတ်လည်းမရှိတာ။

ဒီတစ်ကွဲတစ်ပြားဖြစ်နေတဲ့ မိသားစုထဲက Taehyung ကိုခေါ်ထုတ်သွားပြီရင် ပတ်သတ်ခွင့်လည်း ပြုမိတော့မှာမဟုတ်ဘူး။ 

စွဲလမ်းခြင်းကနေ ပိုင်ဆိုင်ခြင်းတစ်ဆင့်ပေါ့။

...

EspressoWhere stories live. Discover now