Unicode
Never Be The Same - Camila Cabello
Note - ဖတ်ရင်းဖြင့် အသံမပိတ်ဘဲ သီချင်းလေးနားထောင်ပေးပါ...မေတ္တာဖြင့်
ခပ်တိုးတိုးဖြင့် စကားတွေကို ကျွန်တော်မကြားရတော့ပင်မဲ့ သားအဖနှစ်ယောက်ကြားမို့ မဆိုင်သလို နေလိုက်တော့ကာ ဘေးဘက်တွေကိုကြည့်နေမိသည်။ အိမ်ကြီးက အပြင်ကနေတောင်ခမ်းနားနေခဲ့တာ အထဲမှာ ဒီလောက်လှမယ်မှန်းမတွေးဝံ့ခဲ့တာ အမှန်ပင်။
ထိုင်နေသည့် ကျွန်တော့်အနားသို့ သူက ပြန်ရောက်လာပြီး ကျွန်တော့်လက်ကိုလာဆွဲကိုင်တော့ ယောင်နနဖြင့် မတ်တပ်ထရပ်လိုက်သည်။
"မင်းစာလုပ်မလား...မင်းလွှတ်သွားတဲ့သင်ခန်းစာတွေရယ် အပိုသင်ခန်းစာတွေပါ ကိုယ်သင်ပေးမယ်...လာခဲ့"
ထိုင်နေသည့် သူ့အဖေ ဦးလေးကိုပါ နှုတ်ဆက်လိုက်ပြီး သူခေါ်သည့်နောက်ကို ကျွန်တော့်မှာ လိုက်ပါလာခဲ့တာဖြစ်သည်။ အိမ်ကြီးက အကြီးကြီးမို့ ကျွန်တော့်မှာ မျက်စိလည်သွားမှာတောင် စိုးရိမ်မိရင်း သူ့လက်ကိုတစ်ဖန် ခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိသည်။
"နောက်မှာ မင်းကို တစ်ခုချင်းစီလိုက်ပြပေးမယ်...အပေါ်ဆုံးထပ်မှာက ရေကူးကန်နဲ့ ပန်းရုံရှိသေးတယ်...အိမ်နောက်ဘက်မှာလည်း ရေကူးကန်တစ်ခုရှိသေးတယ်..မင်းရေကူးရတာကြိုက်လား..."
"ကျွန်တော်ရေမကူးတတ်ဘူး Jungkook"
"ကိုယ်သင်ပေးမယ်...နောက်ကျရင်..."
အမြဲလာမှာမှမဟုတ်တာကို ဘာအတွေးနဲ့ပြောနေလဲတော့မသိပင်မဲ့ ကျွန်တော့်အတွက်တော့ နောက်တစ်ခေါက်ဒီအိမ်ကြီးပေါ်ကို လာဖို့ဆိုတာ မဖြစ်နိုင်ပေ။ အခုတောင်မဖြစ်သာလို့ ကျွန်တော့်အတွက် လိုက်လာခြင်းကိုတော့ သူ့အနေနဲ့ရိပ်မိရင်တောင် မသိချင်ယောင်ဆောင်မယ့်သူမျိုး။
"မင်းနေသာသလိုနေလို့ရတယ်...မင်းအိမ်လိုမျိုးနေလို့ရတယ်"
အခန်းတစ်ခန်းထဲကို သူဟာဖွင့်ဝင်လိုက်တော့ နောက်ကနေ သူ့စကားကို နားထောင်ရင်းဖြင့် တိတ်တဆိတ်လိုက်ဝင်သည်။
YOU ARE READING
Espresso
FanfictionEspresso တစ်ခွက်လိုဘဲ သူကခါးသက်လွန်းတယ်... Kim Taehyung တစ်ယောက်တည်းပေါ်ဘဲ မနူးညံ့တတ်တာ... Note - Jungkook Character သည် Black flag အဆင့်ဖြစ်ပြီး အတ္တကြီးသည့် ပုံစံမျိုးဖြစ်တာကြောင့် ကိုယ်က Character sensitive ဖြစ်သူဆို ရှောင်လို့ရပါတယ်... Jeon Jung...