Part 3

1.7K 225 27
                                    

Unicode

လက်တွေကော ပါးစပ်တွေမှာပါ ကိတ်မုန့်တွေ ပေပွနေမိရင်း အန်ချင်လာသည်။ မဟုတ်ဘူး အန်တော့မှာ။ 

ထိုင်နေသည့် သူ့ကို တစ်ချက်ကြည့်မိရင်း အန်ထွက်ချင်နေသည့် စိတ်ကို ထိန်းကာ ရှိနေသည့်ကိတ်ကို ထပ်စားလိုက်သည်။ နောက်ထပ်ကိတ်တစ်ခုကို ရှေ့သို့ တိုးပေးလာသည်။ မနေနိုင်တော့သည့်အခြေအနေတစ်ခုကို ရောက်သည်မို့ ထရပ်လိုက်မိသည်။ 

"ပြန်ထိုင်...အကုန်စားဆိုတဲ့စကားကို လိုက်နာလေ...ပြန်ထိုင်လိုက်"

"အန်ချင်နေပြီ...အွတ်..."

သန့်စင်ခန်းသို့ပြေးသွားမိတော့သည်။ ဘေစင်တွင် အန်ချလိုက်တော့ဖြစ်သည်။ အစ်နေသမျှကို အန်ထုတ်ပစ်လိုက်ရင်း ကျွန်တော့်မျက်နှာဟာလည်း နီရဲလာလျက် အသံပင် ဝအောင်မရှူနိုင်တော့ပေ။ မျက်ဝန်းထောင့်ကနေ တံခါးပေါက်ကို မှီကာဖြင့် ရပ်နေသည့် သူ့ကိုလည်း Taehyung တွေ့လိုက်ရသည်။

ကျောပြင်လေးကိုတောင် နှိပ်ပေးမယ်မရှိဘူး။ သူ့ကြောင့်ဖြစ်သွားတာသိရဲ့နဲ့ ဒီတိုင်းဘဲ ကြည့်နေခဲ့တာ။ ငိုချင်စိတ်လည်း ဖြစ်လာပြီး စားထားသမျှ အန်လိုက်ခြင်းကြောင့် တော်တော်လည်းမောသွားသည်။ လည်ပင်းထဲတွင် စပ်ဖျင်းဖျင်းခံစားမိကာ ရေကို ဖွင့်လိုက်ပြီး ပါးစပ်ကို ကျင်းရန်ပြင်လိုက်တော့ သူက အနားသို့ရောက်လာပြီး ရေကို ပိတ်လိုက်သည်။ 

"ဖယ်ပါ...ကျွန်တော် နေလို့အဆင်မပြေဘူး..."

"ကိုယ့်ဘက်ကိုလှည့်..."

Taehyung ကခေါင်းယမ်းကာဖြင့် ငြင်းဆိုသည်။ ဘယ်လိုမှ တစ်ခွန်းဆို တစ်ခွန်းမရတာတော့ Taehyung ပုံစံကလည်း ခပ်အေးအေးလေးဖြင့် ငြင်းဆန်တတ်သည့် ပုံစံ။ ပြီးတော့ ကြောက်စိတ်လေးတွေလည်း ရောယှက်နေတတ်သေးသည်။

ထိုပုံစံလေးကို သိပ်သဘောကျတာဘဲ။ ညစ်သတ်ပစ်ချင်သည်အထိ အသည်းယားလွန်းလို့ သဘောကျရတယ်။ ရူးချင်စရာကောင်းသည်အထိကို Taehyung ကမျက်စိရှေ့တင် တော်တော်သဘောကျဖို့ကောင်းသည်။

ပုခုံးကနေ ခပ်ကြမ်းကြမ်းဆွဲလှည့်ပစ်လိုက်သည်။ လက်တွေနဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာ ကိတ်ခရင်မ်တွေက ပေကျန်နေပြီး Taehyung ပုံစံဟာလည်း အန်လိုက်ခြင်းကြောင့် ဖရိုဖရဲဖြစ်နေကာ နှုံးချိသွားသည့် ပုံစံမျိုးဖြစ်နေသည်။ 

EspressoWhere stories live. Discover now