Part 17

1.3K 157 25
                                    

Unicode

လိုက်ကာစအဖြူလေးတွေက လေတိုက်ခတ်မှုကြောင့် တစ်လွင့်လွင့်အသံလေးက လေသံအတူ ရောယှက်ရင်းဖြင့် ထွက်လာသည်။ အချင်းချင်းကပ်ငြိနေသည့် မျက်တောင်လေးဟာဝေးကွာသွားတော့ မျက်ဝန်းလေးဟာလည်း ပွင့်လာလျက်ဖြစ်သည်။ 

ခန္ဓာကိုယ်လေးကို တစ်စောင်းလဲလိုက်ပြီး အခန်းတစ်ခုလုံးကလည်းမှောင်မဲနေကာ အပြင်ဘက်တွင်လည်း တိတ်ဆိတ်နေလျက်ရှိသည်မို့ ညဉ့်နှက်နေလေပြီဆိုတာ Taehyung တွေးမိသည်။ နာရီကိုလှမ်းကြည့်လိုက်တော့ ည 11 နာရီကျော်နေပြီမို့ အကြာကြီးအိပ်ပျော်သွားမှန်းသိလိုက်သည်။ 

ခြေထောက်ကိုအမှတ်ရရင်ကြည့်လိုက်တော့ အနည်းငယ် နာကျင်ရုံနေလောက်သာလွှဲရင်း အရမ်းမခံစားရသည်မို့ နေသာသည်ဟု ဆိုရပေမည်။ ထလိုက်ပြီး ပွင့်လျက်ဖြစ်နေသည့် ပြတင်းပေါက်ကို ပိတ်လိုက်တော့ လိုက်ကာစလေးတွေဟာလည်း ငြိမ်သွားလျက်။ ထို့နောက် ဆိုဖာပေါ်တွင် တင်ထားသည့် စောင်ပိုင်းစအဖြူရောင်ကိုယူကာ ခန္ဓာကိုယ်ပေါ်တွင်လွှမ်းခြုံလိုက်သည်။ 

ညစာမစားခဲ့ရတာမို့ တစ်ရေးနှိုးအခုလိုချိန်မှာ ဗိုက်ဆာလာတာဖြစ်သည်။ အခန်းတံခါးကို တိတ်တိတ်လေးဖွင့်လိုက်ပြီး ခြေသံငြိမ်ငြိမ်ဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။

မီးမှိန်မှိန်လေးတွေက လမ်းတစ်လျှောက်ဖွင့်ထားလျက် အလင်းများများထက် ဒီလိုအနေအထားလေးနဲ့တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတာက Taehyung အတွက် သက်တောင့်သက်သာရှိနေသလိုခံစားရသည်။ မှောင်နေသည့်မီးဖိုခန်းထဲကို မီးဖွင့်လိုက်သည်။ ဘာမှတော့မလုပ်တတ်ပင်မဲ့ အဆင်သင့်လုပ်စားလို့အဆင်ပြေမည့်အရာကိုရှာရန် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ 

မလုပ်တတ်သည့်အရာတွေဘဲမို့ နို့ဘူးကိုသာ ထုတ်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

"နှိုးပြီလား.."

နောက်ကကြားလိုက်ရသည့်အသံကြောင့် အလန့်တကြားလှည့်ကြည့်မိသည်။ ခိုးလုပ်နေတာမဟုတ်ပင်မဲ့ လန့်သွားခြင်းက အဲ့လိုခံစားချက်ရနေလို့ဖြစ်သည်။ 

EspressoWhere stories live. Discover now