Part 15

1K 147 12
                                    

Song - Main Rahoon Ya Na Rahoon (Armaan Malik)

Unicode

ညစာစားချိန်တွင် ထမင်းစားပွဲ၌ ဇွန်းသံတွေကလွှဲပြီး တိတ်ဆိတ်နေတာဖြစ်သည်။ ထမင်းစားချိန်လုံးဝစကားမပြောနေတာက အရမ်းနေရခက်သလိုရှိပြီး Taehyung ကိုယ်တိုင်လည်းပြောစရာရှိနေသည်မို့ ဒီလို တိတ်ဆိတ်နေသည့်အခြေအနေ၌ ဘယ်လိုစကားစရမလဲဆိုတာ မသိပေ။

လည်ချောင်းရှင်းရန် စားနေရင်းမှ ရေတစ်ခွက်လုံးကိုပါ သောက်လိုက်မိသည်။ သူကလည်း စားနေရင်းမှ Taehyung ကိုမျက်လုံးလှန်ကြည့်လာသည်။

"ထမင်းစားနေချိန် ရေကိုလိုတာထက်ပိုမသောက်ရဘူး...မဟုတ်ရင် မင်းမကုန်ဘဲနဲ့ ရေသောက်တာနဲ့တင် ဗိုက်ပြည့်သွားလိမ့်မယ်။"

သူပြောလာခြင်းကြောင့် လက်ကလေးဟာ တွန့်ခနဲဖြစ်သွားရင်း အနည်းငယ်ရှိန်သွားပုံပါဘဲ။

"မင်းတောင်နေချင်သလို နေတာဘဲ...အခုမှ မင်းက ကလေးတစ်ယောက်ကိုလာသင်နေတာလား Jeon Jungkook။"

ဖြတ်ပြောလာသည့် ဒယ်ဒီကြောင့် မျက်မှောင်ကြုတ်ကာဖြင့် ကြည့်လိုက်သည်။ သားအဖချင်း ဒေါက်ဖြုတ်သည့်နေရာမှာဆို ဒယ်ဒီက ထိပ်ဆုံးက ပါတယ်ဆိုတာ သိပင်မဲ့ Taehyungရှေ့မှာ ပြောခံလိုက်ရခြင်းကြောင့် သိပ်တော့ ဘဝင်မကျပေ။

"ကျွန်တော်ဆိုးတာ မှန်တယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ကျွန်တော့်အပေါ်ဒယ်ဒီချမှတ်ခဲ့တဲ့ စည်းကမ်းတွေကို ကျွန်တော်မဖျက်ဘူး။"

"ငါက မင်းလောက်မှ အခုလိုစည်းကမ်းမတင်းကျပ်တာ...မင်းက ပြောနိုင်တာပေါ့။ တကယ်ဆို မင်းဆေးသုံးတာတွေ ဆိုင်ကယ်ပြိုင်တာတွေဆိုတာ စည်းကမ်းချက်တစ်ခုအောက်ရောက်နေရင် မလုပ်နိုင်ဖို့ မင်းလိုက်နာရမှာဘဲ။"

"ကျွန်တော်ဆေးသုံးတာ စွဲလမ်းဖို့မဟုတ်ဘူး...ဆိုင်ကယ်ပြိုင်တာလည်းကျွန်တော့်အပေါင်းအသင်းတွေနဲ့ပျော်စရာလုပ်တာ။"

"အဲ့ဆို ရန်ဖြစ်တာကရော...မင်းကျောင်းမှာနေချင်သလိုနေတာကရော...အခုပြော..."

"ဒါကတော့ ဒါပေါ့..ဒါပေမဲ့ တစ်ကျောင်းလုံးမှာ ကျွန်တော်အမြဲပထမရအောင်ဘဲလုပ်တာလေ...အားကစားမှာရောဘဲ...ဒါတွေကို ဒယ်ဒီမြင်ရဲ့နဲ့ ကျွန်တော့်ကိုအပြစ်ရှာနေတာလူကြားမကောင်းဘူး။ ပြီးတော့ Taehyung ကိုကျွန်တော်က စည်းကမ်းတင်းကျပ်တယ်ဆိုတာ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ချင်လို့။"

EspressoWhere stories live. Discover now