Part 14

1.1K 149 21
                                    

Unicode

လှိုင်းတက်လာတော့ ခါးနားကနေ ရေက တစ်ဖြည်းဖြည်း မြင့်တက်လာခြင်းသည်။ ထိုအခြင်းကြောင့် ခြေဖျားကလည်း တစ်ဖြည်းဖြည်း သဲပြင်နဲ့ လွှတ်လာလျက်။ 

"Jungkook"

အလန့်တကြားဖြင့် သူ့ကို ဆွဲပင်မဲ့ သူက နောက်ဆုတ်သွားခြင်းကြောင့် နောက်ဆုံးရေထဲမှာတင် သဲပြင်နဲ့ Taehyung ရဲ့ ခြေထောက်ဟာ လွှတ်သွားလေပြီး တစ်ချိန်တည်းမှာတင် ရေမကူးတတ်ခြင်းကြောင့် ရေတွေဟာလည်း ပါးစပ်နဲ့ နှာခေါင်းတွင်းသို့ အလုံးလိုက်ဝင်လာသည်။ 

"Jungkook..."

"မင်းက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့အနေနဲ့နောက်ဆုံး တောင်းဆိုလိုက်။"

"ကယ်ပါ...အုံး Jungkook..."

ရေထဲကနေ ပွေ့ချီပစ်လိုက်တော့ အသဲအသန် လည်ပင်းကို သိုင်းဖက်လာတာဖြစ်သည်။ ရေမွန်းနေတာကြောင့် ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေရင်းဖြင့် ငိုရှိုက်လာတာက အသံကျယ်ကျယ်ဖြင့်။ လက်တစ်ဖက်လည်း မျက်လုံးလေးကို ရေစတွေမျက်ရည်စလေးတွေကြောင့်မို့ ပွတ်သပ်လိုက်ခြင်းကလည်း ကလေးတစ်ယောက်လိုပါပင်။ 

ငေးကြည့်နေရင်းမှ သဲပြင်ပေါ်သို့ ပွေ့ချီလျက် ပြန်ခေါ်လာခဲ့ရင်း သဲပေါ်သို့ ချပေးလိုက်သည်။ နှစ်ယောက်လုံးတွေလည်းရေစိုနေရင်းမှ သဲပေါ်လဲအိပ်ချခြင်းကြောင့် သဲမှုန်တွေပါ ကပ်ငြိလာရင်း ဘေးနားက တစ်ယောက်ကို တစ်ချက်ကြည့်ပြီး ကောင်းကင်ပေါ်သို့ မျက်နှာမူလိုက်ခြင်းက အေးချမ်းခြင်းထက် ပူလောင်ခြင်းကြောင့် ဖြစ်နေတယ်ဆိုတာ မည်သူမှ မသိပေ။

မင်းကိုယ့်ကို အားကိုးရမှာ။ မင်းဘဝမှာ ကိုယ်က မရှိမဖြစ်ကို ဖြစ်နေရမှာ။ အဲ့တာကလည်း ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတာမို့ မင်းလိုက်နာရမှာဘဲ။

"လိုက်ခဲ့..."

ထရပ်လိုက်ရင်း လက်ကမ်းပေးတော့ လက်ကိုကြည့်လိုက်မိသည်။ မျက်တောင်လေးက ပုတ်ခတ်ပုတ်ခတ်ဖြင့် နှုတ်ခမ်းလေးဟာလည်း ချမ်းတာကြောင့်လား ကြောက်စိတ်ကြောင့်လား ဝေခွဲမရတောင် တစ်ဆတ်ဆတ်တုန်ရီနေတာဖြစ်သည်။ 

EspressoWhere stories live. Discover now