Part 6

1.4K 176 19
                                    

Unicode

"သတ်မိတော့မှာဘဲ...အဟွန်း"

Taehyung အလန့်တကြားနောက်ဆုတ်မိရင်း။ သူက သံတုတ်ကို ပုခုံးပေါ်တင်လျက်ဖြင့် ကျွန်တော်တို့ကို ခပ်ထေ့ထေ့ပြုံးကာဖြင့် ကြည့်နေသေးသည်။ 

"ထိလိုက်သေးတယ်...ရာရာစစ"

ကြောက်စိတ်ကြောင့် တစ်ဖြည်းဖြည်းဖြင့် ထပ်ပြီးနောက်ဆုတ်လိုက်မိသည်။ လွယ်အိတ်ကိုတင်းကျပ်စွာဖြင့် ပိုက်ထားမိရင်း ခေါင်းစောင်းကာဖြင့် စိုက်ကြည့်နေသည့် Jungkook ကြောင့် ကျွန်တော့်ခြေလှမ်းတွေ အယိုင်ယိုင်ဖြင့်။

"ကြည့်ရဲလား...ဒါမှမဟုတ် မင်းမျက်ဝန်းကို ကိုယ်ပိတ်ပေးထားရမလဲ...မျက်ဝန်းပိတ်ရင်တောင် အသံကြောင့် မင်းတော့ သွေးပျက်တော့မှာဘဲ..."

"ဘာလို့လဲ...သွားရအောင်ပါ Jungkook"

ကြောက်ကြောက်လန့်လန့်ဖြင့် ဆွဲခေါ်သော်လည်း ကျွန်တော့်စကားက သူ့အတွက်တော့အရာမရောက်ပေ။ အဲ့ထက် သူ့လက်ကိုကိုင်လိုက်သည့် ကျွန်တော့်လက်အစား သူ့လက်က ကျွန်တော့်လက်ကို ပြန်အုပ်ကိုင်လာသည်။ 

"ကိုယ့်ကို တားဖို့ မင်းမှာအရည်အချင်းမရှိသေးဘူး Taehyung...တားခွင့်ရှိတာမင်းဆိုပင်မဲ့ မင်းကိုယ့်ကိုမတားနိုင်သေးဘူး...သဘောပေါက်တယ်မလား"

ဘယ်သူက တားနေလို့လဲ။ မဖြစ်သင့်တာတွေ ဖြစ်သွားမှာရယ်...ကိုယ့်ကြောင့်ဆိုတာထက် စကားကိုလည်း မလိုလားတာမို့ ဒီနေရာကနေ သွားချင်တာဖြစ်သည်။ ဒါကို ကျွန်တော့်ကိုပါ ရှက်စရာကောင်းအောင် သူပြောလိုက်သေးသည်။ 

ရုန်းထွက်လိုက်တော့ လွှတ်ပေးပင်မဲ့ သူ့ဘောင်းဘီထဲက ထုတ်လာသည့် လက်ကိုင်ပုဝါတစ်ခု။ ဘာမှလည်း ဆက်မပြောတတ်တာမို့ လွယ်အိတ်ကိုသာ ကျစ်နေအောင်ဆုပ်ကိုင်ထားရင်း ကျွန်တော်က သူတို့ရန်ငြိုးကြားထဲမှာပင်။

"မင်းကောင်လေးမဟုတ်ဘူးလား...မဟုတ်ရင်လည်း ထားခဲ့ Jeon Jungkook...ဂျူနီယာလေးကို လိုအပ်တာတွေ သင်ပေးမလို့"

"တစ်ကျောင်းလုံးကတောင် ဆရာတွေ ကျောင်းအုပ်ကအစ Kim Taehyung ကို Jeon Jungkook က မျက်စိကျနေတာသိရဲ့နဲ့...ရှင်းရှင်းပြောမယ်ကွာ..ငါ Taehyung ကိုလိုချင်နေတာ မွေးအဖေကတောင်သိတယ်...မင်းက ဒါကို ထိတယ်...ခွင့်လွှတ်ပေးသင့်ရဲ့လား...လာစမ်းတဲ့အတွက်လေ"

EspressoWhere stories live. Discover now