Part 13

1.3K 168 10
                                    

Unicode


စိမ့်ငြိမ်နေခြင်းက ရောယှက်နေပြီး ကားလေးဟာ အမှောင်ယံအောက်တွင် လှုပ်ရှားနေခဲ့တာဖြစ်သည်။ ချမ်းစိ့မ်မှုပါရောယှက်နေပြီး ခန္ဓာကိုယ်လေးကို စောင်းနေကာ ကားမှန်ဘက်ကို လှည့်ထိုင်ကာရှိနေသည့် ကောင်လေးကို ကားမောင်းရင်းမှ လှည့်ကြည့်လိုက်သည်။

အင်း...သူများကလေးကို ခိုးလာတာလို့ ပြောလို့ရပင်မဲ့ ဒါက သူ့အဖေကိုယ်တိုင်လက်ခံလိုက်တာမို့ မဖြစ်မနေ ဒီလို အကြပ်ကိုင်ခေါ်လာခဲ့တာ။ ပြီးတော့ လူသူနေတိတ်တဲ့နေရာကို ခေါ်လာခြင်းဖြစ်တာမို့ ကားစီးရတာ ကားမောင်းရတာလည်း အတော်အသင့်ကို ကြာနေခဲ့ပြီး ယခုလိုမှောင်လာသည့် အခြေအနေဖြစ်သည်။ 

လှိုင်းသံတွေထပ်နေလေပြီး အေးစိမ့်ခြင်းကို ပိုရနေစေတာမို့ ကမ်းခြေတစ်ခုရောက်လာမှန်းသိသာထင်မြင်လာသည်။ အိပ်ချင်စိတ်မရှိနေပင်မဲ့ စိတ်ကုန်နေသည်မို့ မျက်ဝန်းကိုသာ မှိတ်ထားမိသည်။ ကားကိုထိုးရပ်လိုက်ပင်မဲ့ တစ်ဖက်ကကောင်လေးကတော့ ငြိမ်သက်နေစဲပင်။ 

"ဆင်းရအောင်...ဗိုက်လည်းဆာနေပြီမလား...ကိုယ်တို့နေရမယ့်အိမ်ရောက်ပြီ။"

တုံ့ပြန်မှုမပေးလာပေ။ အိမ်မနေဘူးဆိုတာ သိပင်မဲ့ ဒီလောက်အထိ အသံတိတ်နေဖို့ လိုသလား။ 

ဆက်မပြောနေတော့ဘဲ ချုပ်ထားသည့်လက်တွေကို လွှတ်ပေးလိုက်တော့ ကားတံခါးကို ဆွဲဖွင့်ကာ ပြေးထွက်သွားသည်။ ကိုယ်တိုင်လည်း တစ်ချက်ပူသွားပြီးနောက်ကနေ ပြေးလိုက်ရတော့သည်။

"Jeon Taehyung"

"အား...လွှတ်"

ခါးကနေ ဖမ်းမိသွားလျက ဆွဲကိုင်မြောက်လိုက်တော့ ရုန်းကာဖြင့် အော်သည်။လက်တွေကို ဆွဲကုတ်ရင်းဖြင့်ရုန်းကန်နေတာမို့ ထိန်းရခက်သည်။ 

"အငြိမ်နေစမ်း.."

"လွတ်ပေး..."

မနည်းထိန်းခေါ်လာခဲ့ရင်း  အိမ်တံခါးက လက်ဗွေနဲ့မို့ နှိပ်ဖွင့်လိုက်ကာ အထဲသို့ ဆွဲခေါ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ တွန်းလွှင့်ပစ်လိုက်သည်။ အင့်ခနဲ အသံလေးနဲ့အတူ အနောက်သို့ တစ်ဖြည်းဖြည်းဆုတ်သွားတာက ကြောက်လို့ဘဲလား။ 

EspressoWhere stories live. Discover now