ဟဲ့......အက္ခရာရေ...အတန်းပြီးရင်လေ
ငါတို့ ကန်တင်းသွားပြီး အဆင်သွားငမ်းရင်ကောင်းမလားလို့....အေးဟ...ကောင်းသားဘဲ.....
သွားကြတာပေါ့....အမလေး.......
"မိုးသားထက်" မရယ်
နင့်မလဲနော်စာလုပ်မယ်ကိုမရှိဘူး...
အားရင်အဆင်ငမ်းမယ် လင်တရူးမယ်ဆိုတာဘဲ....
တကယ်ထဲအံ့ဩပအေ.....နေစမ်းပါအုံး စောက်ကောင်မရဲ့....
နင်ကရော မလိုက်ဘဲစာလုပ်နေခဲ့မှာမလို့လား
ပြောစမ်းပါအုံး...."မိခက်ဆစ်ညို".....
ငါကလေ ...
လူကတော့ စာလုပ်ချင်တယ်သိလား...ဦးနှောက်ကလေ သေရင် ကိုယ့်နောက်မပါဘူးလုပ်မနေနဲ့တဲ့....
အဲ့ကြောင့် ငါလဲစာမလုပ်တော့ဘူး လိုက်ခဲ့မှာ
ဟီးးးး.....
ကောင်မ ...
နင်ဟာလေယွကိုယွတယ်သိလား....
"မိုးသားထက်ရဲ့စကားအဆုံးမှာ သူငယ်ချင်းသုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်အပြန်လှန်ကြည့်ရင်း ကြိတ်ရယ်နေမိကြစဉ်.....
ရုတ်တရက်ဆိုသလိုပါဘဲ ....
သူတို့အတန်းရဲ့အနောက်ဘက်တစ်နေရာကနေ သူတို့သုံးဦးသားထံသို့ အရိန္ဒမာလှံတံစင်းက အရှိန်မပြင်းတပြင်းနဲ့ဝင်ရောက်လာချဉ်းကပ်လာ၏.....
အရိန္ဒမာလှံဆိုသည်မှာလဲတခြားမဟုတ်
"နက်ရှိုင်းသော်"ဆိုတဲ့ ငနဲပစ်ခွင်းလိုက်သော ဂျယ်လီပေတံသာဖြစ်ပေသည်... ။မိထွေးတော်သုံးဖော်ရေ ....
အရှေ့မှာအနန္တဂိုဏ်းဝင်ကျေးဇူးရှင်ကြီး စာသင်နေတယ်မြင်လား....
ငါတို့ကို ကန်းနေတယ်များထင်နေလား.....
"နက်ရှိုင်းသော်"..........
စောက်မျက်လုံးလဲပါတယ်၊စောက်သံတွေလဲကြားတာမလို့....
နင်xီးဝင်မရှည်နဲ့.....
မှားပါတယ် ညိုရယ်၊ငါ့အမှားပါ.....
ငါ့အမှားတွေပါ ...