ကျောင်းဖွင့်သည့်မနက်ခင်းတစ်ရက်တွင်..
ဟင်!!!!
"မျိုးမြင့်သူ"
အဲ့တာမျိုးမြင့်သူမဟုတ်လာ??
သေချာပါသည်...အမှန်ကန်ကိုသေချာခဲ့ပါသည်။
"မျိုးမြင့်သူ"နဲ့"မိုးသားထက်"တို့အနမ်းချင်းဖလှယ်နေသည့်မြင်ကွင်းကိုမြင်လိုက်ရသည့်"အက္ခရာ"တစ်ယောက်ရင်ဘတ်မှာအပူမီးတွေလောင်ကျွမ်းခဲ့ရလေပြီ။
နှလုံးသားမှာပူလောင်ချင်း
နှင့်အတူပါးပြင်ထက်မှမျက်ရည်များသည်လည်းအလိုလိုကျဆင်းလာခဲ့သည်။သို့သော်"အက္ခရာ"သည်ပါးပြင်မှမျက်ရည်တွေကိုသုတ်သိမ်းယူရင်းမသိခဲ့သလိုမမြင်ခဲ့သလိုသာဟန်ဆောင်ခဲ့သည်။
"အက္ခရာ"ရဲ့အသည်းမှာတော့နာကျည်းနေမိသည်နေမှာတော့အမှန်တကယ်ကိုပါဘဲ။
"မိုးသားထက်"ကတော့သူမဟုတ်သလိုပါဘဲကိုပုံစံမပျက်"အက္ခရာ"ကိုစကားပြောသလို ..
"အက္ခရာ"ကလဲနှလုံးသားမှာနာကျင်နေပေမယ့်လဲပြုံးပြုံးပျော်ပျော်အရင်လိုပါဘဲစကားပြန်ပြောခဲ့သည်။
ဒီတစ်ကြိမ်မှာတော့"အက္ခရာ"အရမ်းကိုပင်စိတ်ထိခိုက်ခဲ့ရတော့ပေပြီ...
"မိုးသာထက်"ရဲ့လက်မှာစိန်တပွင့်ထဲနှင့်
တဖျတ်ဖျတ်လက်နေသော
"မျိုးမြင့်သူ"နှင့်ဆင်တူသည့်လက်စွပ်ကိုမြင်တွေ့ခဲ့ရသည့်နောက်...."အက္ခရာ"ရဲ့နှလုံးသားဝယ်ဓားနဲ့အစိမ်းသက်သက်ထိုးမွှေလိုက်သလိုပါဘဲတကယ်ကိုနာကျင်လွန်းလှပေသည်။
ထိုသို့နှလုံးသားကိုထိုးနှက်နေသော
အဖြစ်ပျက်ရဲ့မြင်ကွင်းကိုမည်သူကမှနားလည်ပေးနိုင်မည်မဟုတ်ပေ။စချစ်ခဲ့တာ"မျိုူမြင့်သူ"ကိုယ်၌ဖြစ်ပြီး
ဆက်ချစ်နေရတာ"အက္ခရာ"တဲ့လား...။ရက်စက်လွန်းပါပေတယ်"မျိုးမြင့်သူ"ရယ်။
"အက္ခရာ"အရမ်းကိုမှငိုကြွေးခဲ့ရလေပြီ။
ထိုနေ့ညတွင်ဖန်မီးအိမ်လေးသည်အရင်လိုပင်လင်းနေသော်လဲလမင်းလဲမသာနိုင်တော့သလိုကြယ်ရောင်တွေလဲထွက်မလာနိုင်တော့ဘဲမိုးများသည်းထန်စွာရွာသွန်းနေပေတော့သည်။