ညည့်ဦးယံကို ကျော်လွန်ပြီး မနက်အချိန်ခါသို့ရောက်လာအခါ.."အက္ခရာ"တယောက်
သူငယ်ချင်းတွေအလာကို စောင့်ရင်း.....ညက အိမ်မက်ထဲတွင် မြင်မက်ခဲ့သည့်..
"ရှေးဟောင်းအဝတ်အစားနဲ့ ဂဠုန်ပုံစံဝတ်ဆင်ထားသည့်...
ဒဏ်ရာပရပွနဲ့မေ့မြောနေသောအမျိုးသားတစ်ယောက်ကို....မိမိကိုယ်တိုင်က နဂါးလိုလိုမြွေလိုလို ဝတ်ဆင်ထားပြီး...
ပန်းပေါင်းစုံပွင့်နေတဲ့ ပန်းဉယျာဉ်ကြီးထဲမှာမှ
ဂန္ဓာမာပန်းဖြူဖြူလေးကို ထိုအမျိုးသားရဲ့ညာဘက်နားရွက်မှာ ပြောင်းပြန်လေးပန်ပေးရင်း...
"အရှင်"
"နောက်ဘဝဆိုတာသာရှိလာခဲ့ရင်..."
"ကျွန်ုပ်လေ "
"လူသားစင်စစ်အဖြစ်မွေးဖွားပြီး အရှင့်ကိုသေချာပေါက်လာတွေ့ပါ့မယ်..."
"အရှင်ကိုယ်တိုင်ကလဲ....
လူသားစင်စစ်အဖြစ်နဲ့""ကျွန်ုပ်ကို စောင့်မျှော်နေပေးပါ.."
"အရှင်က ကောင်းကင်ထက်ရဲ့ လေဟာပြင်မှာကြီဆိုးတဲ့ ဂဠုန်မင်းဖြစ်ပြီး..
ကျွန်ုပ်ကတော့ ရေမှာပျော်တဲ့နဂါးတွေရဲ့ အနွယ်အဖွားဖြစ်တာကြောင့် ဒီဘဝမှာ ပေါင်းဖက်ဖို့က ကံပါမလာခဲ့ဘူး အရှင်...""နောင်သံသရာတကွေ့ရဲ့ ဘဝတခုမှာ ..."
"အရှင့်ရဲ့နားတော်မှာ အကျွန်ုပ်ပန်ဆင်ပေးခဲ့တဲ့ ပန်းကလေးရဲ့ နေရာအစား ...."
"အရှင့်ရဲ့နားတော်မှာ အပေါက်ရာကလေးသေးသေးလေးမျှဖြစ်ပေါ်နေပါစေ...အရှင်""အရှင်"
"ဒီဉယျာဉ်လေးကို အရှင်မှတ်ထားပေးပါ..."
"ပြီးတော့...
ဒီဉယျာဉ်ကြီးရဲ့ အနီးနားက ဘုရားတွေထံ
မှာ ကျွန်ုပ်တောင်းဆုချွေရင်း....""ဒီဉယျာဉ်ကြီးရဲ့ ဒီနေရာမှာဘဲ ကျွန်ုပ်တို့ ပြန်ဆုံပါရစေ အရှင်ရယ်...."
"အရှင်"
"အကျွန်ုပ်ကို
အမတော်တို့စောင့်မျှော်နေပြီမလို့
ကျွန်ုပ်သွားရပါတော့မယ်...."