Part-5

65 2 0
                                    


ရုပ်ရှင်လက်မှတ်အတွက် (၅)ယောက်စာ ယူထားသော်လဲတကယ်တမ်း ကြည့်သူက သူတို့နှစ်ဦးထဲသာ...

"အက္ခရာ"

"ဗျာ"

"လာလေဗျာ အတူဝင်ကြတာပေါ့"

"ဟုတ်...ဟုတ်ကဲ့ဗျ..."

မျိုးမြင့်သူက အက္ခရာရဲ့လက်ကို ဆွဲယူပြီးအရှေ့ကဦးဆောင်ကာအထဲသို့ အတူဝင်ခဲ့ကြသည်။

"အက္ခရာက"တော့ "မျိုးမြင့်သူ"ရဲ့
ကြီးမားကျယ်ပြန့်တဲ့
ကျောပြင်ကိုငေးကြည့်ရင်း
မျိုးမြင့်သူခေါ်ဆောင်ရာကိုသာ
လိုက်လာခဲ့မိသည်။

တခြားတဖက်မှာတော့ ကားပေါ်မှာ ကျန်ခဲ့သည့်
" နက်ရှိုင်းသော်နဲ့ခက်ဆစ်ညို..."

"ဟဲ့...ရှိုင်းသော်"

"နေစမ်းပါအုံး"

" နင်ကကားနောက်ခန်းထဲကနေ
မိန်းကလေးမောင်းတဲ့ ကားကို
အေးဆေးလေး ထိုင်လိုက်မလို့လား"

"ဟာ...နင်ကလဲ.."

"အဲ့သလို မဟုတ်ပါဘူးဟ...."

"ရှိုင်းသော်"က ကားနောက်ခန်းမှ ဆင်းလာပြီး ကားရှေ့ခန်းသို့ လာရင်း" အညို"ကတော့ ကားနောက်ခန်းဆီသို့သွားမယ်လုပ်စဉ်..

"ရှိုင်းသော်"က အညို့လက်ကို လှမ်းဆွဲပြီး

"အညို..."

"နင်ကလဲဟာ"

"ရှေ့ခန်းထဲမှာ အတူတူထိုင်ကြမယ်လေဟာ"

"နှစ်ယောက်ထဲရှိတာကို တယောက်တခန်းဆီ ခွဲထိုင်ရင်ပျင်းစရာကြီး..."

"နော်...
နော်လို့.."

"အေးအေး ဒါဆို ငါလဲ နင်နဲ့အတူ အရှေ့ခန်းထဲမှာဘဲ စီးတော့မယ်..."

"ဟုတ်ပြီလေ..."

"အဲ့တာဆို ငါအခုဘယ်ကိုမောင်းရမလဲ "

"နက်ရှိုင်းသော်"ကပြုံးရွှင်စွာနဲ့မေးလိုက်သော်လဲ...

"နင်မောင်းချင်တဲ့နေရာသာ မောင်းပေတော့..."

"Okလေ.."

****************

"အက္ခရာ.."

"ဗျာ"

"အက္ခရာမှီချင်ရင်
ကျွန်တော့ပုခုံးပေါ် မှီလေဗျာ..."

"ဆုံစည်းခွင့်သည်သာရှိခဲ့သော်ပေါင်းဖက်ခွင့်ရှိရပါစေ"(Complete)Where stories live. Discover now