အမတော်တို့. .အမတော်တို့!!!"မောင်တော်လေ ဟိုးရှေ့ရှေ့နားက
လူသားတွေ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ကြတဲ့ဘုရားပွဲတော်ကို
မောင်တော် သွားကြည့်စမ်းချင်တယ်""အမတော်တို့ ....
မောင်တော့်ကို သွားခွင့်ပြုပေးပါ""မသွားရဘူး မောင်တော်...မသွားရဘူး"
"ဟုတ်တယ် မောင်တော်.."
"မောင်တော်မသွားရဘူး"
"အမတော်ကြီးရဲ့ စကားကို အမတော်ငယ်က ပါဝင်ရောက်ထောက်ခံခဲ့၏။"
ဘာလို့လဲ အမတော်တို့ရဲ့???
"မောင်တော်လေ ရေအောက်မှာ နေရတာ
ကြာတော့ ငြီးငွေ့လာပြီ အမတော်တို့ရ""မောင်တော့်ကိုလေလူ့ပြည်က ဘုရားပွဲကို
ခနလေးဖြစ်ဖြစ်သွားခွင့်ပြုပါ
အမတော်တို့ရယ်""မောင်တော်..."
"အဲ့ဘုရားပွဲကျင်းပတဲ့ အနီးနားတဝိုက်ဟာ
ဂဠုန်မင်းကျင်လည်ကျက်စားရာ နေရာဒေသ မောင်တော်ရဲ့...""ဂဠုန်မင်းနဲ့ အမတော်တို့နဂါးမျိုးနွယ်ဟာ ရန်ငြိုး၊ရန်ကြွေးတွေအများကြီးရှိတယ်"
"ပြီးတော့ အဲ့အရပ်ဒေသက အမတော်တို့နေထိုင်ရာဇော်ဂျီမြစ်နဲ့လဲ
သိပ်အလှမ်းဝေးတာမလို့
မောင်တော့်အတွက် အရမ်းစိတ်ပူရလွန်းလို့ သွားခွင့်မပြုပါရစေနဲ့ မောင်တော်""ရတယ် အမတော်တို့"
"အမတော်တို့သာ သွားခွင့်မပြုရင် မောင်တော်အမတော်တို့ကို ဘာစကားတခွန်းမှ ထပ်မပြောတော့ပါဘူး"
"ဘာမှလဲ မစားမသောက်ဘဲ အစာငတ်အသေခံမယ်"
"အမတော်တို့က မောင်တော့ကိုမချစ်ပါဘူး"
"မောင်တော် အရမ်းစိတ်ဆိုးတယ်...
အရမ်းလဲဝမ်းနည်းတယ်"ထိုသို့ပြောပြီးနောက်
"အက္ခရ"နဂါးလေးဟာ အမတော်တို့ကို
အစာငတ်ဆန္ဒပြခဲ့ပေသည်။ခေါင်းမာလွန်းလှတဲ့ အက္ခရနဂါးလေးဟာ အမတော်နှစ်ပါးမှ
မည်သို့မည်ပုံချော့မော့ကျွေးကျွေး
အစာရေစာမစားသောက်သည်မှာ
၇ရက်၇လီကြာမြင့်ခဲ့ပြီမလို့
နှစ်လိုကြည်နူးဖွယ်ကောင်းသော
ကိုယ်ခန္ဓာမှာ တနေ့တခြားပိန်လှီယိုယွင်း
လာခဲ့ပြီး အသက်အန္တာရယ်ပါ စိုးရိမ်လာခဲ့ရသည်။