"ဟင်းတွေထည့်စားနော်...သား""ဘာမှအားနာစရာမလိုပါဘူး"
"ကိုယ့်သူငယ်ချင်းအိမ်ဘဲ
ကိုယ့်အိမ်လိုဘဲသဘောထားပေါ့""ဟုတ်ကဲ့..."
"သားသူငယ်ချင်းတော်တော်များများ
ကိုသိပေမယ့်
သားကိုတော့အန်တီကသတိမထားမိဘူးကွဲ့"အက္ခရာကဘာမှပြန်မပြောပါဘဲပြုံးပြယုံသာပြုံးပြ၏။
အာကာက...
"ဟုတ်တယ်မေမေရ..."
"သူက
သားဒီရောက်မှခင်တဲ့သူငယ်ချင်းလေ...""အရမ်းချစ်ရတဲ့သူငယ်ချင်းပေါ့မေမေရဲ့...."
"နောက်ဆိုရင်သူကမေမေ့ရဲ့သားမက်...."
"သမီးလေး.....ဝတ်ရည်ဖူး"
"သမီးလေးထည့်စားနော်..."
"ဟုတ်ကဲ့ရှင့်....."
"တလက်စထဲ
သားကိုမိတ်ဆက်ပေးရအုံးမယ်""သမီးလေးနမည်က"ဝတ်ရည်ဖူး"တဲ့"
"သားဖေဖေရဲ့မိတ်ဆွေ"ဦးကောင်းသန့်"ရဲ့တစ်ဦးထဲသောသမီးလေးပေါ့"
"ပြီးတော့သားနဲ့မေမေတို့လူကြီးချင်းသဘောတူထားတဲ့သူလေ.."
"နောက်ကြရင်သမီးလေးကိုမြို့က
နေရာတော်တော်များများကိုသားကလိုက်ပို့ရင်းအချင်းချင်းနာလည်မှုယူကြပေါ့"အာကာရဲ့အမေကကြားဖြတ်ဝင်ပြောဆိုခဲ့ပြီး
ထိုစကား၏အဆုံးတွင်အက္ခရာတစ်ယောက်ထမင်းပင်သီးသွားလေခဲ့ရသည်။အာကာကရေခွက်ကိုအမြန်လှမ်းပေးရင်း
"ကိုကြီး..."
"အဆင်ပြေရဲ့လား??"
"ရပါတယ်အာကာရဲ့..."
"အကိုအဆင်ပြေပါတယ်"
"ဒါဆိုအကိုပြန်နှင့်တော့မယ်နော်"
"ကိုကြီးကလဲ
ဘာမှလဲစားရသေးတာမဟုတ်ဘဲနဲ့""ဟုတ်သားဘဲသားရယ်....
ထမင်းလေးတော့ကုန်အောင်စားသွားအုံးမှပေါ့...""သားဗိုက်ပြည့်နေလို့ပါအန်တီ..."
"နောက်ပြီးနေလဲသိပ်မကောင်းသလိုဖြစ်နေလို့ပါဗျ.."