Part-2

104 8 0
                                    

တီ....တီ...တီ.....

ဟွန်းသံကျယ်လောင်စွာဖြင့် ကျောင်းဝင်ထဲသို့ မိုးပြာရောင်ကားလေးတစီး ဝင်လာလေသည်။

ထိုမိုးပြာရောင်ကားလေးထဲမှ
အသားဖြူဖြူ၊အရှပ်ရှည်ရှည်၊လည်ပင်းမှာ tattoo နဲ့ခန့်ခန့်ညားညား
အမျိုးသားတစ်ယောက်ဆင်းလာပြီး ကားနောက်ခန်းတံခါးရှိရာသို့ သွားကာ တံခါးကို အသာယာလေးဆွဲဖွင့်လိုက်နေသည်ကို
တစူးတစိုက်ကြည့်နေသူမှာ....

" အက္ခရာ ၊ မိုးသား နဲ့ ရှိုင်းသော်".....

ဟင်....ဟာ......ဝိုးးးး....!!!

သုံးဦးသား တအံ့တသြဖြစ်ကာ အာမေဋိတ်သံအသီးသီးထွက်သွားရလေသည်။

ကားပေါ်မှ ဆင်းလာသူမှာ တခြားသူမဟုတ်

"ခက်ဆစ်ညို"

ခက်ဆစ်ညိုတစ်ယောက် အပြုံးပန်းတွေ တပွေ့တပိုက်နဲ့ဆင်းလာပြီး သူတို့သုံးဦးသားအနားကို ရောက်လာတယ်ဆိုရင်ဘဲ....

"အက္ခရာ" ကမဆိုင်းမတွဘဲခပ်သွက်သွက်လေးမေးလိုက်တော့တယ်...

"အညို"

အဲ့တာဘသူလဲဟဲ့....နင့်ဘဲလား..??

ဟယ်....မဟုတ်ရပါဘူး ကောင်မရယ်...

သူက ငါ့အဒေါ်ရဲ့သားဟ...
နမည်က "မျိုးမြင့်သူ" တဲ့....

ငါ့ထက်(၃) ၊ (၄) လလောက်ဘဲငယ်တာဟ...

ဒီကျောင်းကို ပြောင်းလာမလို့တဲ့လေ....

အဲ့ကြောင့် လိုအပ်တာလေး မေးမြန်းစုံစမ်းရင်း နင်တို့နဲ့မိတ်ဆက်ပေးရအောင်  ခေါ်လာခဲ့တာလေ...

ဪ...ဒါဆို နင့်မောင်ပေါ့နော်....

ဟူးးးးးတော်ပါသေးတယ်...

ဘာကိုတော်ပါသေးလဲဟ....
"နက်ရှိုင်းသော်" ရ

ဘာမှမဟုတ်ပါဘူး မိမိုးသားမရယ်...

ငါဗိုက်ဆာနေလို့လေ....

အိမ်က ထွက်လာကထဲက ဘာမှကို မစားရသေးဘူး..

အတန်းချိန် မရောက်ခင် ကန်တင်းထဲသွားပြီး တခုခုသွားစားကြရင်ကောင်းမလားလို့...
နင်တို့လဲ ဘာမှမစားရသေးဘူးမလား...

"ဆုံစည်းခွင့်သည်သာရှိခဲ့သော်ပေါင်းဖက်ခွင့်ရှိရပါစေ"(Complete)Where stories live. Discover now