"ဟိတ်....မစ္စတာပြောင်ကြီး""ပြူးတူးပြဲတဲနဲ့ဘယ်သူ့ကိုရှာနေတာလဲ???"
"ဒီကမင်းသားချောချောလေးကို
ရှာနေတာလားဗျ???""ဒီကမင်းသားလေးက
သမီးလေးကိုမူကြိုသွားပို့နေတာဗျ""အင်း...ဟုတ်တယ်နှာခေါင်းကြီး...."
"ဘီလူးလိုလိုဂဠုန်လိုလိုနာမည်နဲ့
ဘီလူးခေါင်းနဲ့မင်းသားလေးကိုရှာနေတာလေ
ပေးစရာရှိလို့.....""အံမယ်.....ထူးထူးဆန်းဆန်း
ဘာတွေများပေးမလို့လဲဟ""ရော့...."
"အက္ခရာ"ပစ်ပေးလိုက်သည့်အထုပ်
အိပ်ကလေးကိုဖွင့်ကြည့်မိလိုက်သောအခါ
စတစ်လက်ရှည်အဖြူ၊ယောပုဆိုးအနက်ကလေးနဲ့အတူ
မြန်မာဝတ်စုံပိစိသေးသေးလေးတစ်စုံ ...""မွေးနေ့တုန်းကမလာလိုက်ရလို့
အခုမှမွေးနေ့လက်ဆောင်လာပေးတာ....""ကိုယ့်ကိုယ်ကိုလူအိုကောင်မှန်းသိအောင်လို့ကလေးအတွက်ပါတစ်ခါထဲဝယ်လာတာ"
"ပြီးတော့မင်းကြည့်ရတာလဲမြန်မာပုဆိုးတွေဘာတွေလဲရှိမယ်မထင်ပါဘူး"
"ဘာကွ....မင်းး"
ဘာကို မင်းလဲ
"ကျုပ်အသက်ကခင်များထက်
ရက်ထက်နှစ်မပါရင်တောင်(၅)ရက်ကြီးတယ်သိလား??""အကြီးကိုရိုရိုသေသေဆက်ဆံစမ်း......"
"နေစမ်းပါအုံး..."
"(၅)ရက်ကလေးကြီးတာကို
ဘာတွေစာဖွဲ့ပြနေတာတုန်း...""(၅)ရက်ဘဲကြီးကြီး(၅)နှစ်ဘဲကြီးကြီး
အကြီးကအကြီးဘဲမလို့နောက်ခါမင်းငါ့ကို...
ကိုကြီးလို့ခေါ်ရမယ်ကြားလား..""လူအိုကောင်...!!"
"အကြီးဆိုလဲအကြီး....
ကိုကြီးဆိုလဲကိုကြီးပေါ့ဗျာ""ဒါနဲ့နေစမ်းပါအုံး"
"ခင်များကြီးကဘယ်သူ့ကိုလူအိုကောင်လို့ခေါ်လိုက်တာလဲ???"
"ဒီနေရာမှာစကားပြောနေတာမင်းနဲ့ငါ့အပြင်ဘယ်သူရှိလို့လဲ???"
"ငါမဟုတ်ရင်သေချာပေါက်မင်းပေါ့....."
"ပြီးတော့ငါမင်းကို...ကိုကြီးလို့ခေါ်ခိုင်းတာ
ခင်များကြီးလို့ခေါ်ခိုင်းတာမဟုတ်ဘူး..."