ခင်မင်ခဲ့တာ
တက္ကသိုလ်ဒုတိယနှစ်ရှိခဲ့ပြီဖြစ်သောသူငယ်ချင်းလေးယောက်ထံသို့
"မျိုးမြင့်သူ"ဆိုတဲ့သူငယ်ချင်းအဖွဲ့ဝင်အသစ်လေး ဝင်ရောက်လာတာ ဘာလိုလိုနဲ့၂ပတ်တိိတ်ိတောင်ရှိခဲ့လေပြီ....ထုံးစံအတိုင်း စာသင်တိုင်း စကားခိုးပြောတတ်တဲ့ အညိုနဲ့မိုးသားကတော့ လက်တို့ခြေတို့နဲ့ စကားစမြည်နေကြပြန်သည်။
အက္ခရာကတော့ ထူထူးခြားခြားစာကိုသာ အာရုံစိုက်နေ၏။
"အညို"
အေး....
ငါနင့်ကိုပြောစရာရှိလို့ကမ....
အမလေး
"မိုးသားထက်" မရယ်
နင်ငါ့ကိုပြောစရာရှိတာပြောချလိုက်ပါလား...
ဘာတွေပလ္လင်ခံနေတာလဲဟ...
ဒီလိုဟဲ့...
ငါတို့လေ ဟိုကမကို နင့်မောင်နဲ့ချိတ်ပေးမလို့...
ဟီးးး
အေး...ကောင်းတယ်ကမ..
ဒါကိုငါတယောက်ထဲတွေးနေတာမှတ်နေတာ
နင်ရောပါ အကြံတူနေတယ်ဆိုတော့
ရိုက်လိုက်အုံး ကမ..အေးကမ..
ဟဲ့....ဟဲ့...ဟိုနှစ်ယောက် ညည်းတို့ ဘာတွေပြောနေတာတုန်း
ဘာမှမဟုတ်ပါဘူး "အက္ခရာ"ရယ်...
ဘာမှမဟုတ်ရင်လဲအရှေ့ကိုသာကြည့်တော့
ဟိုမှာ ဆရာစာသင်နေတယ်မြင်လား....အေး..အေး..သူငယ်ချင်း...
အတန်းချိန်ပြီးလို့ အိမ်ပြန်ချိန်သို့ရောက်လာသောအခါ...
သူတို့ရဲ့အနောက်တန်းကရှိုင်းသော်ဘေးမှာ ကပ်ရပ်ထိုင်နေသော မျိုးမြင့်သူအား...
မောင်လေး.."မျိုးမြင့်သူ"
ဗျာ...
"အမညို"
အမလေ ..
မိုးသားနဲ့ သွားစရာလေးရှိသေလို့
"အက္ခရာ"နဲ့မောင်လေးဘဲအရင်ပြန်နှင့်ဦးနော်ဟုတ်...ဟုတ်...အမ...
နေပါအုံးကမတို့ရဲ့ ...
ညည်းတို့က ဘယ်သွားမလို့ တခါထဲပြန်မလိုက်တာလဲဟဲ့...