"အကာနဲ့အမွှာညီမ"တို့ရဲ့အကြံအစည်ကိုမနက်ဖြန်တွင်အကောင်အထည်ဖော်ရန်စီစဉ်ထားပေသည်။မနက်ဖြန်ဆိုတာသိပ်မကြာသည့်အတွက်မျက်စိတမှိတ်အတွင်းရောက်ရှိခဲ့လေသည်။
"ကိုကြီးအက္ခရာ...ကိုကြီးအက္ခရာ"
"အေး...ညီမလေး...နန္ဒာပြောလေ"
"ကိုကြီးကိုဘာပြောမလို့လဲ.."
"ညီမလေးလို့ဒီနေ့ညအိမ်ပြန်ချင်လို့"
"ဟုတ်တယ်ကိုကြီး..."
"သန္တာလဲအိမ်ပြန်ချင်တယ်..."
"ဦးဦးနဲ့ဒေါ်ဒေါ်ကိုလွမ်းလို့...."
"အမယ်.....ကြားသားမိုးကြိုး.."
"မင်းတို့သာပြန်ရင်ဆိုင်မှာကိုကြီးတယောက်ထဲဘယ်ဖြစ်ပါ့မလဲ...."
"မနက်ဖြန်ကြမှ
ကိုကြီးနဲ့တူတူပြန်ကြရအောင်လေ""ဒီနေ့ကကိုကြီးစာရင်းလေးတွေမပြီးပြတ်သေးလို့ပါ"
"မရဘူးကိုကြီးရာ
ညမလေးတို့ကဒီနေ့ပြန်ချင်တာ""ကဲ...ဒီကလေးမတွေနဲ့တော့ခက်ပြီ.."
"ဒါဆိုဒီလိုလုပ်ကိုကြီးရာ..."
"ညီမလေးတွေဆိုင်သိမ်းလို့(၆)နာရီထိုးပြီးမှပြန်မယ်လေ"
"မဖြစ်ဘူးသန္တာ.."
"ညနေဆောင်းရင်
မင်းတို့ညီမလေးနှစ်ယောက်ထဲ
ကိုကြီးစိတ်မချဘူး""ကိုကြီးက
စာရင်းတွေကိုဒီနေ့ပြီးမှဖြစ်မှာမလို့ပါ....""ရပါတယ်....ရပါတယ်မပြန်တော့ပါဘူး"
"သိလိုက်ပါပြီကိုကြီးက
ညီမလေးတို့ကိုတကယ်မချစ်ဘူးဆိုတာကို""ကိုကြီးအက္ခရာကိုမခေါ်တော့ဘူး"
အမွှာနှစ်ယောက်ကဆူပုတ်ပြီး
မရမကပြောနေသည်မလို့
အမွှာညီမနှစ်ယောက်ရဲ့စကားကို
မတတ်သာသည့်အဆုံး။"ကဲ....ဒီကလေးမတွေနဲ့ ပြန်ပြန်...."
"ညနေကြရင်
ကိုကြီးအိုးဝေလေးငှားပေးလိုက်မယ်""ရေး....ဒါမှတို့ကိုကြီးကွ"
အမွှာညီမနှစ်ယောက်ကတော့မိမိတို့ရဲ့အကြံစည်အောင်၍ပြုံးပျော်နေကြသည်။
![](https://img.wattpad.com/cover/370987910-288-k351035.jpg)