Part-10

46 3 0
                                    


"ရှင်းအက္ခရာသစ်"သည်
မိမိတို့နေထိုင်ရာကျောက်ဆည်မြို့ကလေးရဲ့မြို့အပြင်မနီးမဝေးလေးမှာဘဲ
တနိုင်တပိုင်အအေးဆိုင်သေးသေးလေးဖွင့်ကာဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ဦးဖြစ်သည်။

အအေးဆိုင်လေးနမည်က
" Juicy Baby "တဲ့..

ချစ်ကြည်နူးစရာဆိုင်နာမည်လေးတစ်ခုပေါ့..

"ကိုကြီးအက္ခရာ"

"ဒီနေ့ကလကုန်ပြီး(၁)ရက်နေ့ဆိုတော့ညီမလေးတို့ဆိုင်အတွက်တစ်လစာဈေးသွားရအုံးမှာပေါ့နော်??"

"အေး...ဟုတ်တယ်လေ...ညမလေးနန္ဒာ..."

"ဟဲ့နန္ဒာ..."
"နင်ဒီမှာလုပ်နေတာအိုသေတော့မယ်..."

"(၁)ရက်နေ့တိုင်း...
တစ်လစာဈေးဝယ်နေကြရယ်
အသီးတွေအတွက်(၂)ရက်ခြားတစ်ခါဈေးသွားနေကြရယ်ကို
မေ့ချင်ယောင်ဆောင်မနေနဲ့"

ပြီးတော့လေ...

"ဖင်ကိုက်တယ်ခေါင်းကိုက်တယ်နဲ့နေခဲ့မယ်မကြံနဲ့"သန္တာ"တယောက်ထဲအဲ့ပစ္စည်းတွေကိုမနိုင်ဘူး.."

"မမသန္တာနော်.."
ဘယ်သူကနေခဲ့မယ်ပြောနေလို့လဲ??

"နင့်အကြံငါမသိရင်ခက်မယ်သန္တာ..."

"ကဲ...ကဲ...တော်ကြတော့
ဒီအမွှာညီမနှစ်ယောက်နဲ့တော့"

"ဘယ်သူမှမနေခဲ့ရဘူးနှစ်ယောက်လုံးလိုက်ခဲ့ရမယ်"

"ဆိုင်က(၁၀)နာရီမထိုးခင်ဖွင့်ရတာ
မလို့(၈)နာရီထိုးတာနဲ့သွားဝယ်ကြမယ်..
အဆင်သင့်ပြင်ထားကြ..."

"ငါဟိုမှာဖုန်းဆက်ပြီး
မှာသင့်သလောက်တော့မှာထားပြီ"

"သွား...သွား...ရေသွားချိုးချေတော့...."

"နောက်‌ကြနေမယ်ကြားလား"

"ကိုကြီးလဲပြင်ဆင်စရာရှိတာ
ပြင်ဆင်အုံးမယ်"

"ရေချိုးရင်းလဲရန်ဖြစ်မနေကြနဲ့နော်
ဒီညီမနှစ်ယောက်ထဲဘဲရှိတာကို
အချင်းချင်းတည့်အောင်နေကြ.."

"ဟုတ်...ကိုကြီး..."

"သန္တာနဲ့နန္ဒာ"သည်မေမေ့အမတစ်ဝမ်းကွဲရဲ့အမွှာသမီးများဖြစ်ပြီးကံမကောင်းစွာနဲ့ဘဲမိဘနှစ်ဦးဆုံးကကွယ်လွန်သွားပြီဖြစ်တာကြောင့်အက္ခရာတို့မိသားစုကပင်ဝိုင်းဝန်းစောင့်ရှောက်ထားသောကလေးမလေးတွေသာဖြစ်သည်။

"ဆုံစည်းခွင့်သည်သာရှိခဲ့သော်ပေါင်းဖက်ခွင့်ရှိရပါစေ"(Complete)Where stories live. Discover now