ဂဠုန်မင်းသေဆုံးသည့်နောက်...ဂဠုန်မင်း၏အဆင်တန်ဆာလက်ဝတ်ရတနာများအား..
နောင်ပွင့်မည့်ဘုရားထံကပ်လှူပူဇော်ရန်..နဂါးမောင်နှမသုံးဖော်တို့သည်...
ထိုနေရာတွင်ဘဲမိမိတို့ပြုမူခဲ့မိသော
ကံတရားအလျောက်
ဘုရားတစ်ဆူတည်ထားသပ္ပာယ်ကာ
ဂဠုန်မင်း၏အဆင်တန်ဆာလက်ဝတ်ရတနာများကိုစောင့်ရှောက်ရသော
သိုက်နန်းရှင်နဂါးမောင်နှမသုံဖော်အဖြစ်စောင့်ကြပ်နေရသည်မှာနှစ်ပေါင်း(၈၀၀)ပင်ရှိခဲ့လေပြီ။အမတော်တို့....!!!
"မောင်တော်တို့ဒီဘုရားရဲ့အောက်ခြေမှာဌာပနာထားတဲ့ဂဠုန်မင်းရဲ့အဆင်တန်ဆာတွေကိုစောင့်ကြပ်နေရသည်မှာ
နှစ်ပေါင်း(၈၀၀)အတိကြာမြင့်နေပြီဖြစ်တာကြောင့်...""မောင်တော်ငြီးငွေ့လှပြီအမတော်...."
"မောင်တော့်ကိုလူ့ပြည်သို့ခနလေးဖြစ်ဖြစ်
တဖန်သွားခွင့်ပြုပါအမတော်..."ဂဠုန်မင်းသေဆုံးပြီးသည့်နောက်
ဘာစကားတခွန်းမှမဆိုဘဲ
နှစ်ပေါင်း(၈၀၀)တိတိတစ်ယောက်ထဲ
နေခဲ့သောအက္ခရနဂါးလေးစကားကို
ကြားသိပြီးနောက်....."အမတော်နဂါးမကြီးဟာသွားခွင့်မပြုနိုင်ကြောင်းဟန့်တားမည်လုပ်သော်လဲ.."
"ဒုတိယအမတော်နဂါးမလေးဟာ
သွားခွင့်ပြုနိုင်ရန်ကတိသစ္စာစကားပြောခိုင်းလေသည် "ဤသည်ကြောင့်နှင့်အမတော်နဂါးမကြီးဟာမည်သည့်စကားတစ်ခွန်းကိုမှဝင်မပြောပါတော့ချေ။
"ကောင်းပြီမောင်တော်.."
"မောင်တော့်ကိုသွားခွင့်ပြုပါမယ်"
"အမတော်တို့ကမောင်တော့်ကို
ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ရပေမယ့်
အမတော်တို့ရဲ့ကိုယ်၌သွေးသားနဲ့ရင်းပြီး
မွေးထားရသလိုမောင်တော့်ကို
ချစ်မြတ်နိုးတာကြောင့်....မောင်တော့်အပေါ်မှာစိုးရိမ်ပူပန်လွန်းတာကိုအမတော်တို့ညီအမတွေအပေါ်မှာမောင်တော်စိတ်မကွက်ပါနဲ့..."
"မောင်တော့်ကိုသွားခွင့်ပြုပါ့မယ်မောင်တော်"
"အမတော်တို့သွားခွင့်ပြုပါ့မယ်..."