အညို"က လှမ်းအော်လိုက်တာမလို့
သူတို့နှစ်ဦးသား
ကားရှိရာသို့ ဦးတည်လာရင်း
ကားအနားသို့ရောက်သွားသောအခါ..ဟင်....!!!
အာမေဋိတ်အသံတွေ ပြိုင်တူထွက်ရင်း မြင်ကွင်းတခုကို စူးစိုက်စွာကြည့်လိုက်မိသည်။
ထိုမြင်ကွင်းမှ ဘာရယ်မဟုတ်ပါဘဲ
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကြသော မိမိတို့၏သူငယ်ချင်းနှစ်ယောက်သာ။"ဟင်မနေကြနဲ့..."
"ငါတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြပီဟ"
"ရွှေယောက်ဖလေးရေ ဒီနေ့အတွက်တော့ မင်းကြိုက်တာစား၊ကြိုက်တာသောက်ကွာ"
"ဒီနေ့ အကိုကျသလောက်ရှင်းမယ် သိလား.."
"အက္ခရာ နင်ရောအပီဆွဲဖို့သာပြင်ထား..."
"အမယ်...".
ဒီနေ့ နင်ကဒကာခံမယ်ပေါ့...??
"အေးပေါ့ဟ.."
"ဘာလို့ဆို ငါ့ဘေးမှာ ဒါယိကာမလေး
တယောက်လုံးရှိနေတာမလို့လေ...""အညို"ကတော့ ဘာတခွန်းမှမပြောဘဲ ရှက်ပြုံးလေးသာပြုံးနေတော့သည်။
"ကဲ...လာလာ..သွားကြမယ်"
အလာတုန်းကတော့ အက္ခရာနဲ့မျိုးမြင့်သူက ကားအရှေ့ခန်းကဖြစ်ပြီး အပြန်မှာတော့ နက်ရှိုင်းသော်နဲ့အညိုတို့ကကားအရှေ့ခန်းမှာနေရာယူပေပြီ။
လက်က မဖြုတ်ကြတော့ဘူးလားဟဲ့.??
တစ်ဖက်ထဲနဲ့
ကားမောင်းမလို့လားရှိုင်းသော်???"နင်တို့ဟာက ပိုကိုပိုလွန်းပါတယ်..."
"အဲ့တာ ပိုတာမဟုတ်ဘူး
ချစ်တာချစ်တာဟဲ့..."မကြာမီ စားသောက်ဆိုင်သို့ရောက်လာခဲ့၍
ထုံးစံအတိုင်း အက္ခရာကဘဲ မှာယူပြီး ဘာသောက်မလဲမေးရပြန်သည်။စားပွဲတွေကတော့ မှာပြီးပြီဟ
နင်တို့ ဘာအအေးသောက်ကြအုံးမလဲ??"ဘာအအေးမှ သောက်မနေကြနဲ့
ဘီယာဘဲသောက်ကြမယ်ဟေ့""နေစမ်းပါအုံး နက်ရှိုင်းသော်..."