"အသင်ဂဠုန်မင်း....!!!"
"အသင့်ကိုဒီနေရာကနေမကြိုဆိုပါဘူး""အသင်ဂဠုန်မင်း
လာရာလမ်းအတိုင်းပြန်တော်မူပါ""မဟုတ်ရင်...ကျွန်ုပ်တို့အဆိုးမဆိုပါနဲ့"
"အကျွန်ုပ်တို့၏မောင်တော်နှင့်လဲနောက်နောင်များမှာမပတ်သတ်မိအောင်နေပါ...."
"ကျွန်ုပ်တို့အသိသတိလာပေးတော်မူတာ......""အာကာ"ကမြင်မက်မိသောအိမ်မက်ကြောင့်ရုတ်တရက်နိုးလာခဲ့သည်။
"မောင်...နိုးပြီးလား???"
"ဟုတ်....နိုးပြီ...ကိုကြီး"
"အက္ခရာ"ကဘယ်ချိန်ကထဲကနိုးနေလဲမသိပေမယ့်မနက်အစောကြီးရှိသေးတာမလို့သမီးလေးကတော့အိပ်နေဆဲပင်။
"ဒါဆိုမျက်နာသစ်ပြီးအောက်ကိုဆင်းခဲ့လေ"
"သမီးလေးနိုးမှ
မနက်စာအတူတူစားကြတာပေါ့...""သမီးလေးမနိုးခင်မောင့်ကို..."
"အိမ်ရဲ့နောက်ဘက်က
ဘုရားဆီလိုက်ပို့ပေးမယ်မောင်ရဲ့....""ဟုတ်..ဟုတ်...ကိုကြီး....."
****
"အာကာ"နဲ့"အက္ခရာ"တို့ဘုရားထဲသို့ရောက်သောအခါ
""မောင်ဒီဘုရားကို
"ကပ်ကျော်ရန်ပြေဆုတောင်းပြည့်မြတ်စွာဘုရား" လို့ခေါ်တယ်မောင်ရဲ့..."""ရွာကလူတွေကတော့"ဘုရားကြီး"လို့ဘဲခေါ်ကြတယ်..."
"ဪ"
"အာကာ"ကဘာမှမပြောဘဲ"အက္ခရာ"
ပြောသမျှကိုသာနားထောင်နေတော့သည်။"ရှေးလူကြီးတွေပြောတာကတော့"
"အစကဒီဘုရားကြီးကိုတခြားရွာမှာ
တည်ထားကိုးကွယ်ဖို့ဆိုပြီးလှည်းတွေနဲ့ပင့်ဆောင်လာကြတာတဲ့မောင်ရဲ့...""ဒီနေရာရောက်တော့နွားလှည်းကဘယ်လိုမှမောင်းမရဘဲရပ်နေတာနဲ့မလို့
ဟောဒီနေရာမှာဘဲ
"ကပ်ကျော်ရန်ပြေဆုတောင်းပြည့်
မြတ်စွာဘုရား'"
ဆိုပြီးတည်ထားကိုးကွယ်ကြတာတဲ့။""တစ်ခါတစ်ခါညဘက်တွေဆို
ဘုရားရဲ့အရှေ့ဘက်ကနေ
နွားလှည်းခြူသံတွေတောင်ကြားရတယ်
ဆိုပြီးအကိုတို့ရွာမှာတော့ပြောဆိုကြတယ်မောင်ရဲ့...."