"မောင်တော်.....မောင်တော်.....!!!"."မောင်တော့်ကိုလူ့ပြည်မှာ
နှစ်(၂၀)အထိဘဲ
အမတော်တို့နေခွင့်ပြုခဲ့တာမောင်တော်""မောင်တော့်ရဲ့
ကန်တောပွဲပေါင်းမြောက်များစွာနဲ့
တောင်းပန်လျှောက်ထားမှုကြောင့်သာအမတော်တို့လူ့ပြည်မှာထပ်နေခွင့်ပြုခဲ့တာမောင်တော်""မောင်တော်သာဂဠုန်မင်းနဲ့ယခုလိုတွေ
ထပ်ပတ်သက်နေဦးမယ်ဆိုရင်
အမတော်တို့သိုက်နန်းကိုအမြန်ပြန်ခေါ်ရမယ်မောင်တော်........"ထိုသို့အိမ်မက်ပြီးအက္ခရာအိမ်မက်ကလန့်နိုးလာခဲ့သည်။
"အက္ခရာ"သည်လဲ
အခုလိုအိမ်မက်တွေမြင်မက်နေသည်မှာပထမဦးဆုံးအကြိမ်မဟုတ်တော့သည်မလို့အရေးတယူသတိမပြုဘဲနေလိုက်တော့သည်။အချိန်သည်လဲ(၆)နာရီဘဲထိုးတော့မည်မလို့အိပ်ယာထကာအဝတ်စားလဲပြင်ဆင်ပြီး
မောင့်နဲ့သမီးလေးတို့ရဲ့အလာကိုစောင့်မျှော်နေတော့သည်။သိပ်မကြာခင်မှာဘဲမောင်တို့ရောက်လာသည်မလို့....
အာကာကကားတံခါးကိုဖွင့်ကာ
ကားအရှေ့ခန်းမှာသူနှင့်အတူထိုင်စေပြီး
သမီးလေးကတော့ကားအနောက်ခန်းတွင်သာ
ထိုင်ခဲ့သည်။"ဦးဦးဝင်လာမှ
ဘဲကားထဲကိုမွှေးကြိုင်နေတာဘဲ"သမီးလေးကပြောလိုက်သည်မလို့အာကာကလဲ
"ဟုတ်ပ....ကိုကြီးရယ်"
"စံပါယ်ပန်းနံ့လေးကိုသင်းနေတာဘဲဗျာ"
"အက္ခရာ"ကပြုံးယုံသာပြုံးပြခဲ့သည်။
"အာကာတို့သားအဖ"က
"အက္ခရာ"ပေးခဲ့သည့်
လက်ဆောင်အင်္ကျီလေးကိုဝတ်ဆင်လာခဲ့ပြီး
"အက္ခရာ"သည်လဲမြန်မာဆန်ဆန်ပုဆိုးနဲ့
အင်္ကျီကိုသာဝတ်ဆင်ခဲ့သည်။"ကိုကြီး..."
"ဗျာ...."
"မောင်တို့အခုဘယ်ကိုသွားကြမလဲ....??"
""အခုနည်းနည်းလဲစောသေးတာမလို့
အကိုတို့ကျောက်ဆည်
"ရွှေသာလျောင်းတောင်"ပေါ်ကိုသွားပြီးဘုရားဖူးရင်းနေထွက်ချိန်လေး
အတူတူကြည့်ရအောင်မောင်""