🩺Dear uncle doctor(အပိုင်း-၁၆)🩺

276 10 0
                                    

"မခွဲစိပ်ခင်ပြင်ဆင်နေတာလား"

"ဟုတ်ကဲ့ ခွဲစိတ်မှုနဲ့ဆက်စပ်မှုရှိတဲ့ဆေးမှတ်တမ်းတွေကိုပြန်ကြည့်နေပီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတာပါ"ဆိုပီး လုရန်ဖိန်ဆရာဝန်ကို မတ်တပ်ရပါကာပြန်ဖြေလိုက်သည်

"မင်းလည်း ဒီဟာနဲ့ပတ်သက်တဲ့ခွဲစိပ်မှုမျိုး ပထမဆုံးခွဲစိပ်တာမှမဟုတ်တာ မင်းလုပ်နိုင်မှာပါ" ဖိန်ဆရာဝန်တဲ့ သူ့ရဲ့ကျောင်းသားနဲ့ပတ်သက်ပီးတော့ ယုံကြည်မှုအပြည့်ရှိလေသည်

"ဒါမယ့် ဒီတခေါက်လူနာက အသက်အငယ်ဆုံးလူနာဖစ်နေတာရယ် ပီးတော့ကလေးမျက်စိခွဲရမှာကနည်းနည်းခက်ခဲတယ် အဲ့ကြောင့် လိုအပ်သလောက်များများပြင်ဆင်နေတာပါ"

"ပီးတော့ လူနာက အရမ်းငယ်သေးတယ် ဒီခွဲစိပ်မှုတာမအောင်မြင်ရင် လုံးဝမျက်လုံးကွယ်သွားရမှာ"

"မင်းကလေးမိဘတွေနဲ့အသေးစိတ်သေချာဖစ်နိုင်ချေရှတာကိုပြောပြထားရမယ်
လူနာရှင်တွေအမြင်မှာတော့ ဆရာဝန်တွေက အကုန်လုပ်နိုင်တယ်လို့ပဲထင်ကြမှာပဲ

ပီးတော့ခုလူနာက ကလေးဆိုတော့ ပိုပီးတော့ဂရုစိုက်မယ်

အဲ့ကလေးက သူ့မိဘတွေ အနရာယ်ကြားကနေမရမကမွေးလာတဲ့ကလေးတဲ့
ပေါင်မပြည့်ပဲမွေးလာတာကြောင့် စောင့်ကြည့်ခန်းထဲမှာတလလောက်ထားပီးစောင့်ကြည့်ခဲ့ရတယ်

အဲ့ကလေးအသက်ကိုကယ်ဖို့သူမိဘတွေအစွမ်းကုန်ကြိုးစားခဲ့တာ
နည်းနည်းဖျားနာရင်တောင်၃ရက် အပြင်းဖျားရင်၁၀ရက်လောက်ကြာတယ်
သူတို့ကတော့ကလေးဖွံ့ဖြိုးမှုနောက်ကျတယ်ထင်နေပေမယ့် နောက်မှအမြင်အာရုံချို့ယွငိ့းနေတာကိုသိရတာ"

"ဟုတ်ကဲ့ ကျွန်တော်သိပါပီ" ဖိန်ဆရာဝန်ခဏလောက်ထပ်ပီး ခွဲစိပ်ဖို့အတွက်လိုအပ်တာတွေ ညွှန်ကြားပီးမှထွက်သွားလေသည်

လုရန် ခွဲစိပ်ဖို့အတွက်ပြင်ဆင်ပီးနောက် စာတမ်းဖိုင်တချို့ကို ရှရှကိူပို့ပေးလိုက်သည် ပီးနောက်...
✉️"ဖိုင်ပို့လိုက်ပီနော်"

အရင်ကဆိုအမြဲစာပြန်တာမြန်တဲ့သူမက ခဏလောက်ကြာတဲ့အထိစာမပြန်လာခဲ့ပေ

Dear uncle doctor🩺(Complete)Where stories live. Discover now