လုရန်နောက်တကြိမ်ခွဲစိတ်ခန်းထဲဝင်လိုက်ပီးနောက် ခဏကြာတော့nurseမတယောက်ထွက်လာကာ စာရွက်တချို့ကိုလက်မှတ်ထိုးခိုင်းလေသည်
၈နာရီခွဲလောက်ကြတော့ ခွဲစိတ်ခန်းမီးမှိတ်သွားကာ လုရန်ထွက်လာပီး လူနာရှင်တွေနဲ့စကားပြောနေသည်
လုရန်စကားပြောပီးနောက် ကလေးအမေက အသည်းအသန်ငိုကာ ကလေးအဖေကလည်းလုရန်အကျီကိုဆွဲပီး ဒေါသထွက်နေလေသည်
ဆရာဝန်တချို့နဲ့ nurseတွေရောက်လာကာ လူနာရှင်တွေကိုခွဲလိုက်ပီးနောက် လုရန်သူ့ရုံးခန်းကိုပြန်သွားတာတွေ့လိုက်သည်
ရှရှ အမြန်သူရဲ့ ကွန်ပျူတာတွေကိုသိမ်းကာလုရန်နောက်ကနေလိုက်သွားလိုက်လေသည်
လုရန် ဓာတ်လှေကားနှိပ်နေတုန်း ရှရှရောက်လာတာကိုတွေ့ကာ မအံ့သြတော့ပေ
"ကိုယ်နဲ့ အဖော်ပြုပီးခဏလောက်လိုက်ခဲ့ပေးပါလား"ရှရှခေါင်းငြိမ့်ကာ လုရန်နဲ့တူတူ ဓာတ်လှေကားထဲလိုက်ဝင်လိုက်သည်
လုရန် အပေါ်ဆုံးအထပ်ကိုနိုပ်လိုက်သည်ဓာတ်လှေကားထဲမှာ လုရန်ဘာမှမပြောပေ အပေါ်ဆုံးအထပ်ရောက်တော့ ထွက်လိုက်ကာ အရေးပေါ်လှေကားကနေတဆင့် ခေါင်မိုးထပ်ကိုတက်လိုက်သည်
ခေါင်းမိုးထပ်ရောက်တော့ ရှရှလက်ထဲကကွန်ပျူတာကိုယူလိုက်တာ နံရံဘေးကအလွတ်ပေါ်တင်ထားလိုက်သည်
"ကွန်ပျူတာခဏချထားလိုက်ပါ လောလောဆယ်လည်းသုံးဖို့မလိုသေးဘူးပဲ"
လုရန် ခွဲစိတ်ဦးထုပ်ကိုချွတ်လိုက်ကာ ဘာမှမပြောပဲရပ်နေလေသည်
ရှရှလည်း လုရန်ကို ဘယ်လိုသင့်တော်တဲ့စကားလုံးတွေနဲ့ပြောရမလဲ စဥ်းစားနေတုန်းလုရန်ပြောတာကိုကြားလိုက်ရသည်
"ခွဲစိပ်နေတဲ့တလျှောက်လုံး ကိုယ့်ကိုစောင့်နေတာလား"
သူပထမအကြိမ် ခွဲခန်းကထွက်လာကတည်းက အဲ့မှာထိုင်နေတဲ့ရှရှကိုမြင်လိုက်တာဖစ်သည်
ဒါမယ့်ဘာလို့မှန်းမသိဘူး ရှရှ ခွဲစိတ်တဲ့ ရလဒ်ကိုထိုင်စောင့်နေတယ်လို့မထင်တာကြောင့် သူ့ကိုစောင့်နေတာလားလို့ပဲချက်ချင်းမေးလိုက်မိသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...