လုရန်ကို တဖက်လူကမရိုက်လောက်ပါဘူးနော် တွန်းရုံလောက်ပဲလုပ်လောက်မှာပဲ ရှရှ သူ့သူဖြည့်တွေးနေပေမယ့်လည်း စိတ်ပူစွာနဲ့ ခွက်ကိုကိုင်ကာ ရုံးခန်းကနေထွက်လာပီး အဲ့အခန်းရှေ့ကနေ ခွက်အလွတ်ကိုကိုင်ကာဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ လုပ်နေလေသည်
ရှရှ ၃ပတ်မြောက်လျှောက်နေတဲ့ အချိန်မှာ တံခါးဖွင့်လာပီးအထဲကနေ လူနာအဖေက မျက်လုံးတွေနီရဲစွာငိုထားတဲ့ မိခင်ကိုတွဲလာပီးနောက် ဝူခေါကျင့်ပါလိုက်ပီးထွက်လာကာ လက်ဆွဲနှုတ်ဆက်နေတာကိုတွေ့လိုက်သည်
ကြည့်ရတာဆွေးနွေးတာ အဆင်ပြေသွားပီဖစ်မည်
ရှရှ သူမရုံးခန်းပြန်သွားဖို့တဖက်လှည့်လိုက်စဥ် တံခါးဝမှာလက်၂ဖက်ကိုအိတ်ထဲထည့်ပီးရပ်နေတဲ့ လုဆရာဝန်ကိုတွေ့လိုက်သည်"လုဆရာဝန် တိုက်ဆိုင်လိုက်တာ"
လုရန် ရီလိုက်ကာ ရှရှလျှောက်ပြောနေတာကို မပြောတော့ဘဲ
"နေ့လည်စာစားဖို့လုပ်နေတာလား" ရှရှ ခဏကြောင်သွားပီးတော့မှ
"အွန်း နေ့လည်စာစားမယ့်အချိန်ရောက်နေပီလေ""တူတူသွားစားကြမယ်လေ မနေ့က ထမင်းကျွေးတာ ကျေးဇူးတင်တဲ့ အနေနဲ့ ဒီနေ့ကိုယ်ကျွေးမယ်"လို့ပြောကာ အရင်ထွက်သွားလေသည်
အွန်း ထမင်းစားနိုင်သေးတယ်ဆိုတော့ စိတ်အခြေအနေမဆိုးဘူး
လုရန် လမ်းလျှောက်နေရင်းနဲ့ သူမရဲ့ ရုံးခန်းရှေ့မှာရပ်လိုက်တာကြောင့် သူမကြောင်သွားပီး လုရန်ကိုကြည့်လိုက်သည်
"ခွက်ဝင်မထားတော့ဘူးလား"ဆိုပီး ရှရှ လက်ထဲကခွက်ကိုထိုးပြလိုက်သည်
ဒီကောင်မလေး နားမလည်ဘဲကြောင်နေတဲ့ပုံစံလေးက အရမ်းကိုချစ်ဖို့ကောင်းတာကြောင့် သူမကို ခဏခဏစချင်မိသည်
ရှရှ အစက ဆေးရုံရဲ့ကန်တင်းမှာပဲစားမယ်ထင်လိုက်ပေမယ့် လုရန် ဓာတ်လှေကားကို ကားပါကင်ရှိတဲ့ အထပ်ကိုနိုပ်လိုက်တာကြောင့်အပြင်သွားမှာမှန်းသိလိုက်ရသည်
လုရန် ကားပေါ်တက်ကာ uniformချွတ်လိုက်ပီး ခါးပတ်
ပတ်လိုက်ကာ ကားစက်နိုးလိုက်လေသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...