Unicode
ပြည်လမ်းမကြီးပေါ်မှ အနက်ရောင်ကားလေးတစ်စီးက လေဆိပ်ဘက်မှ ရှစ်မိုင်ဘက်သို့ ဖြည်းဖြည်းမှန်မှန် ရွေ့လျားလာနေသည်။
"အိမ်ကိုပဲ ပြန်မှာလား"
ရှစ်မိုင်လမ်းဆုံကို မရောက်ခင်မှာ ကားမောင်းရင်းက သူ့ဘက်ကို ငဲ့ကြည့်ကာမေးလာသော မင်းသစ်အား ဘုန်းဆက်ထင် ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့လည်း Gym ကို မ၀င်ဖြစ်လောက်တော့။
ဖေဖေ့လက်ထဲကနေ သူ့လက်ထဲလွှဲပြောင်းရောက်ရှိလာသော အလုပ်ကိစ္စတွေအား သူနဲ့အသားကျအောင် Run နေဆဲ ကာလမို့ ဒီတလောတော့ အလုပ်များနေလိမ့်ဦးမည်။ လုပ်ငန်းတွေ သူ့လက်ထဲ အသားကျသွားတဲ့အခါ အခုလိုတော့ နေရာတိုင်း သူ လျှောက်သွားနေဖို့ လိုတော့မှာမဟုတ်ပါ။
မျက်လုံးတွေကို မှိတ်ကာ သူလိုက်ပါလာတုန်း ဖုန်း notification သံကြောင့် ဖွင့်ကာကြည့်လိုက်တော့ Text Message တစ်စောင်။
"Okay ... သွားကြတာပေါ့" ဟု ရေးထားသော Message က ဇွဲခန့်မာန် ထံမှ။ ဘုန်းဆက်ထင် ပြုံးကာ "Okay ..." ဟု ပြန်ပို့လိုက်သည်။
နေ့လည်လောက်က ဇွဲခန့်မာန်အား ဒီည အချိန်ရရင် ညစာအတူစားဖို့ သူ စာပို့ထားခဲ့ဝာာ ဖြစ်သည်။ ဖုန်းကို ကြည့်နေရင်းနဲ့မှ Facebook ထဲ ၀င်ကာ ဇွဲခန့်မာန် Profile ကို ၀င်ကြည့်မိသည်။ Social သိပ်သုံးပုံမရတာကြောင့် Account ကလည်း သိပ် Active ဖြစ်ပုံမရချေ။
ဘုန်းဆက်ထင်၏ Personal Account နှင့် Add ထားသည်ကို Accept လုပ်ထားတာကြောင့် ၀င်ကြည့်လိုက်တော့ Profile ပုံကလွဲ၍ တခြားတော့ ဘာမှ သိပ်မရှိ။ ပုံကိုထောက်ကာ ကြည့်လိုက်တော့ ဓာတ်ပုံထဲမှာတောင် စူးရှနေသောအကြည့်တို့က အပြင်နဲ့မခြားနားစွာ မထီမဲ့မြင်ဟန်တို့ ပါနေဆဲ။ ဘယ်ဘက်မျက်လုံးဘေးမှ မှဲ့နက်နက်က ပုံထဲမှာတောင် ထင်းနေသည်။
ကြည့်ရင်းက ပြုံးလိုက်မိ၍လားတော့ မသိ။ မင်းသစ်က သူ့အားအကဲခတ်သလို ကြည့်ကာ သူ ပြန်ကြည့်လိုက်တော့ မျက်နှာပြန်လွှဲသွားရင်း ကားကို ခြံထဲ ကွေ့၀င်သည်။
ဘုန်းဆက်ထင် ကားပေါ်က ဆင်းပြီးမှ မင်းသစ်က သူ့ကားရပ်ထားရာဆီ လျှောက်သွားဖို့ ပြင်သည်။ မင်းသစ်က ဘုန်းဆက်ထင်ကို အိမ်မှာလာခေါ်ရသည့်နေ့တွေဆို ခြံထဲမှာ သူ့ကားကိုထားခဲ့တာ ဖြစ်သည်။ အခုလို ဘုန်းဆက်ထင်အား အိမ်ပြန်ပို့ပြီးမှ သူ့ကားကိုယူကာ ပြန်သည်။
YOU ARE READING
The Hologram
Romantikချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။