Part 23

2.8K 183 68
                                    

Unicode

လမ်းမကြီးပေါ် တရိပ်ရိပ်ပြေးနေသော ကားလေးထဲ MCR ရဲ့ Teenager သီချင်းသံက ဆူညံစွာ ထွက်ပေါ်နေသည်။ ဇွဲ မကြာခဏ နားထောင်တတ်သောကြောင့် ဒီလိုသီချင်းမျိုးတွေကိုတောင် ဘုန်းဆက်ထင် နားယဉ်နေခဲ့ပြီ။ ကားမောင်းရင်းက ခေါင်းညိတ်ရင်း စီးချက်လိုက်ကာ သီချင်းသံတစ်ပိုင်းတစ်စကို လိုက်ဆိုနေသော ဇွဲကို ခဏမျှ ငေးကြည့်နေမိသည်။ Rock သီချင်းသံ၏ Drum သံတွေနဲ့အတူ ကား Steering ကို ကိုင်ထားသော ဇွဲ လက်တို့ဟာ အလိုက်သင့် လှုပ်ရှားနေသည်။

Rock သီချင်းတွေဟာ စိတ်ခံစားချက်ကို ဖောက်ခွဲထုတ်ပစ်ဖို့ အကောင်းဆုံးဟု ကြားဖူးသော်လည်း အရင်က ဒီလိုသီချင်းမျိုးတွေကို ဆူညံသံဟုဟာ ထင်မှတ်ထားခဲ့သည်။ အခုတော့ မကြာခဏ ကြားရပါများလာ၍ ထင်သည်။ သူ့နားထဲ ထိုသီချင်းတွေက အသားကျစွာပဲ အဆင်ပြေပြေ ၀င်ရောက်၏။

"တခြားဘယ်သွားစရာ ရှိသေးလဲ"

သူ့ဘက်ကို တချက်လှည့်ကြည့်ရင်း မေးတာကြောင့် ခေါင်းခါပြလိုက်ရင်း -

"မရှိတော့ဘူးလေ"

"အဲ့ဒါဆို ဈေး၀ယ်ပြီး ပြန်ကြတာပေါ့"

Center တစ်ခုထဲ ကွေ့၀င်ရန် အရှိန်လျှော့ကာ စောင့်နေရင်းက သူ့ဘက်ကို ထပ်လှည့်ကြည့်လာပြီး -

"ဒီထဲမှာရော ဈေး၀င်၀ယ်နေလို့ရရဲ့လား၊ မင်းက Cele ဆိုတော့ သတင်းယူသွားကြဦးမယ်နော်"

သူ့ သတင်းတွေကို Social Media မှာ တွေ့ပြီးတည်းက ဒီကိစ္စကိုပဲ ပြောလို့မဆုံးတောသော ဇွဲကြောင့် သူ ရယ်ရင်း -

"ရတယ်လေ ... မီဒီယာက သတင်းလာယူရင် ပိုတောင်ကောင်းသေးတယ်၊ မင်းကိုပါ တစ်ခါတည်း မိတ်ဆက်ပေးလို့ရတာပေါ့"

သူ့ကို မျက်မှောင့်ကြုံ့ကာ တစ်ချက်သာ ပြန်ကြည့်ပြီး ကားကွေ့ရန်အာရုံစိုက်နေသည့်ပုံစံဖြင့် ဘာမှပြန်မပြောတော့သော ဇွဲခန့်မာန်ကို ကြည့်ကာ သူ ရယ်မိသည်။ ဇွဲကို အနားမှာ အတင်းဆွဲကာ ခေါ်ထားရသည့် အခြေအနေအား အသားကျလာသလိုတောင် ခံစားရသည်။ အရင်လို ဇွဲရဲ့  အသက်မပါသော အပြောအဆို၊ အပြုအမူတွေအပေါ် ထူးထွေပြီး ခံစားမနေရတော့။ ဇွဲ အပေါ်လည်း အရင်ထက်ပို၍ နားလည်ပေးနိုင်လာသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိသည်။ ဒီလိုပုံစံနှင့်ပဲ သူတို့ကြားက Bond လေးတစ်ခုကို ခိုင်မြဲအောင် ကြိုးစားသွားရမှာပဲ ဖြစ်သည်။

The Hologram Where stories live. Discover now