Unicode
ဘုန်းဆက်ထင် ကားကို ကွန်ဒိုရှိရာဆီ ဦးတည်၍ မောင်းလာခဲ့သည်။ လမ်းတစ်လျှောက်လုံး ယောက်ယက်ခတ်နေသောစိတ်သည် ကွန်ဒို၏ ကားပါကင်သို့ ရောက်သည်အထိလည်း မတည်ငြိမ်နိုင်သေး။ အခန်းဆီရောက်အောင် လျှောက်လာခဲ့သော ခြေထောက်တို့ဟာ သူ့အလိုလို လှုပ်ရှားနေသော အသက်မဲ့ အရုပ်တစ်ခုလို ဖြစ်နေ၏။ အခန်းထဲ အရောက်မှာ အိပ်ခန်းဆီသို့ အရင်၀င်ခဲ့ပြီး ခုတင်ပေါ်မှာ ငြိမ်သက်ကာ ထိုင်နေမိသည်။
"ငါ့စိတ်ဟာ ဒီလောက်ဝောာင် ထိလွယ်ရှလွယ်တယ်တဲ့လား" ဟု ကိုယ့်ကိုယ်ကိုယ် အံ့ဩမိသော်လည်း ရောက်ချင်ရာ ရောက်နေသော ပြန့်ကျဲနေသည့်အတွေးပေါင်းစုံကို လိုက်စုစည်းဖို့ရာ အခုချိန်မှာ မတတ်နိုင်ပါ။ တွေးချင်ရာတွေးဖို့ ခွင့်ပြုထားလိုက်တာကြောင့် အတွေးတွေဟာ လူကို အဆုံးထိ ဆွဲချနေသလို ခံစားရသည်။
"ဒီတလောမှာ ငါ ဘာတွေ လုပ်နေခဲ့တာလဲ"
"ဒီကာလတွေထဲ ငါ တကယ်ပျော်ခဲ့ရဲ့လား"
"မင်း ဘာဆက်လုပ်ချင်လဲ ဘုန်းဆက်ထင်"
ခေါင်းထဲပေါ်လာသမျှတို့ဟာ မေးခွန်းတွေသာ ဖြစ်နေခဲ့ပြီး အဖြေမရှိ။ သူဟာ "လိုချင်တာဆို ရအောင်ယူတတ်တယ်" ဆိုသော ရုပ်ရှင်ကားထဲက ဇာတ်လိုက်တစ်ယောက်မဟုတ်ခဲ့သလို၊ လောကကြီးကလည်း ဇာတ်လမ်းတစ်ပုဒ် မဟုတ်ခဲ့တာကြောင့် ကိစ္စတိုင်းဟာ မျှော်လင့်ထားတဲ့အတိုင်းတော့ ဘယ်ဖြစ်လာနိုင်ပါ့မလဲ။ ဟုတ်တယ်မလား။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်တဲ့ လူ့ဘ၀ကြီးမှာ တစ်ခြားသူတစ်ယောက်ကို ပိုင်ဆိုင်ဖို့ ကြိုးစားနေမိခြင်းဟာ အကြီးဆုံးအမှားတစ်ခု ဖြစ်နေခဲ့ပြီ ထင်သည်။
ပိုင်ဆိုင်ဖို့ ကြိုးစားတာအပြင် ပြုပြင်ပြောင်းလဲပေးဖို့ ကြိုးစားနေမိတာ။ ပြုပြင်ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ချက်တွေ ပြင်းထန်ခဲ့တာ ဖြစ်သည်။ သို့သော် ထိုယုံကြည်ချက်တို့ကပဲ ဘုန်းဆက်ထင်အား ပြန်၍ အထိနာစေခဲ့တာ ဖြစ်ပါလိမ့်မည်။ လောကမှာ သူ့အလိုလို ရှိနေပြီးသား အမှန်တရားတို့ဟာ ဘယ်အခါမှ ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာကို နားမလည်ခဲ့တာက တခြားဘယ်သူ့အမှား ဖြစ်ဦးမှာလဲ။
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။