Part 11

2K 133 36
                                    

Unicode

"ငါ ရောက်ပြီနော်"

"ငါးလွှာကို တက်ခဲ့လိုက်နော် ဇွဲ၊ ငါ အဲ့ဒီမှာ .."

ဇွဲခန့်မာန် ဘာမှထပ်မမေးခင် ဖုန်းချလိုက်ပြီး ဓာတ်လှေကားရှေ့နား ရပ်စောင်နေလိုက်တော့ ခဏအကြာမှာ ဓာတ်လှေကားတံခါးပွင့်လာခဲ့ရင်း -

"ကဲ .. ရောက်ပါပြီ၊ ဖုန်းထဲမှာ မပြောချင်ဘူးဆိုတာ ဘာကိစ္စလဲ"

သူ့အနားရောက်ရောက်ချင်းပဲ လှမ်းမေးသော ဇွဲခန့်မာန်အား ဘာမှပြန်မပြောသေးဘဲ အခန်းတစ်ခုဆီလျှောက်လာကာ တံခါးကို ဖွင့်၀င်လိုက်တော့ ဘေးကနေ အတူလိုက်လာ၏။

ဘုန်းဆက်ထင် တံခါးကို အရင်ပြန်ပိတ်လိုက်သည်။ ပြီးမှ ဧည့်ခန်းအထိရောက်အောင် ဆက်မသွားသေးဘဲရပ်နေသော ဇွဲခန့်မာန်အနားကို လျှောက်သွားလိုက်ပြီး အခန်းသော့ကို လက်ထဲထည့်ပေးလိုက်တော့ -

"ဒါက ဘာလဲ"

"ဒီအခန်းက မင်းအခန်းပဲ"

အံ့ဩသွားသလို လက်ထဲကသော့ကို ငုံ့ကြည့်ပြီးမှ သူ့ကို ပြန်ကြည့်လာသော ဇွဲခန့်မာန်က -

"ဘာလို့လဲ ... ရုတ်တရက်ကြီး"

"မင်းနေတဲ့အခန်းက ငါ့အိမ်နဲ့ အရမ်းဝေးနေလို့လေ"

ပြီးခဲ့တဲ့တစ်ပတ်လောက်က ဇွဲ ကိုပြန်လိုက်ပို့တော့ ဇွဲနေတဲ့အခန်းကို သူရောက်ခဲ့သည်။ ယောက်ျားလေးတစ်ယောက်တည်း နေသောအခန်းမို့ မသေမသပ် ဖရိုဖရဲ ဖြစ်နေခြင်းက ပုံမှန်ပဲဟုဆိုနိုင်သော်လည်း အခန်းလေးက ကျဉ်းသည်ဟု ထင်မိသည်။ အမှန်တိုင်းပြောရလျှင် ဇွဲကို အခုလိုမျိုး အနေအထားနဲ့သာ နေစေချင်သည်။

ပုဂံမှာတုန်းက Hotel ရဲ့ VIP Room ကို ဇွဲ သဘောကျနေခဲ့မှန်းလည်း ဘုန်းဆက်ထင် သိသည်။ ဇွဲ ပါးစပ်ကနေ ထုတ်ပြောနေစရာမလိုအောင် အခုလိုပဲ အလိုက်တသိ ဖြည့်ဆည်းပေးချင်မိသည်လေ။

"ငါ့ကိုတောင် ကြိုမပြောဘူး"

"မင်းကို Surprised လုပ်ချင်လို့လေ၊ ပြီးတော့ ဒီကွန်ဒိုက ငါ့ရုံးခန်းနဲ့လည်း နီးတယ်၊ ငါ အလုပ်လုပ်နေတဲ့အချိန်ဆိုရင်တောင် မင်းနဲ့ဝေးမနေတော့ဘူးပေါ့"

The Hologram Where stories live. Discover now