Unicode
ဖုန်းကို စားပွဲခုံပေါ် မှောက်ကာ တင်ထားလိုက်ပြီး ဆက်တိုက်၀င်လာနေသော ဖုန်း Call ကို လျစ်လျူရှုထားလိုက်သည်။ အခုချိန်မှာ ဘုန်းဆက်ထင်နှင့် ဖုန်းမပြောချင်။ စကားပြောဖြစ်တာနဲ့ ဒေါသဖြစ်နေသောစိတ်က ဘုန်းဆက်ထင်ကိုသာ မချေမငံတွေ ပြောမိမှာ သေချာသည်။ ဘာပြဿနာမှ မရှိဘဲ ဘုန်းဆက်ထင်နှင့် စကားများ ရန်ဖြစ်နေရတာမျိုးလည်း ထပ်မဖြစ်ချင်ဝောာ့ပါ။
ဇွဲခန့်မာန် ဆိုဖာပေါ်မှီထိုင်နေရင်းက မျက်လုံးတို့ကို မှိတ်ထားလိုက်သည်။ သွန်းဆီကို စန္ဒီလာသွားသော ကိစ္စအတွက် ဒေါသဖြစ်သည်ဆိုတာထက် သွန်းကို သနားမိသည်။ ဘာတစ်ခုမှလည်း မသိရဘဲ သူများပြောသမျှကို ခေါင်းငုံ့ခံလိုက်ရတာ သွန်း ဘယ်လောက်၀မ်းနည်းသွားမလဲ။ "ငါ အသုံးမကျဝာာ" ဆိုသော တနုံ့နုံ့စိတ်ကြီးဖြင့်သာ ဘယ်သူ့အပေါ် ပေါက်ကွဲပစ်လိုက်ရမှန်း မသိတော့။ ဘုန်းဆက်ထင်သာ အနားမှာ ရှိနေရင် ဒီအကြောင်းကို ပြောပြမိပြီး၊ နောက်ဆုံး အဆုံးသတ်က သူတို့နှစ်ယောက် စကားများရန်ဖြစ်ရခြင်းပဲ ဖြစ်လိမ့်မည်။ တကယ်တမ်း စဉ်းစားကြည့်တော့လည်း စန္ဒီနဲ့ ပိုင်ရှင်းဉာဏ်တို့ သူ့အပေါ် မကျေနပ်နေသမျှဟာ ဘုန်းဆက်ထင်နဲ့မှ မဆိုင်ဘဲ။
အခန်းဘဲလ်သံကြောင့် ရဲရင့်ပဲ ဆိုတာ သိလိုက်ပြီး တံခါးဖွင့်ပေးဖို့ ထလာခဲ့လိုက်သည်။ အခုချိန်မှာ တခြားသူ လာစရာလည်း မရှိ။
"မင်းကလည်း ငါ ဖုန်းဆက်နေတာ မကိုင်ဘူး"
အခန်းထဲမရောက်သေးခင် အရင်အပြစ်တင်သော ရဲရင့်အား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဧည့်ခန်းဆီ ပြန်လျှောက်ခဲ့လိုက်သည်။ ရဲရင့်က ဘေးနားက လိုက်လာပြီး ဆိုဖာမှာ အတူ၀င်ထိုင်ရင်းက -
"ကိုဆက်ထင် ငါ့ဆီဖုန်းဆက်လို့၊ မင်း ဖုန်းမကိုင်ဘူးဆိုလို့လေ၊ ငါ ဆက်နေတာလည်း မကိုင်တော့ ဘာများဖြစ်လဲ လာကြည့်တာ"
"ဘာမှ မဖြစ်ပါဘူးကွာ"
"မင်းတို့ ပြဿနာဖြစ်ထားလို့လား"
စိတ်ပျက်လက်ပျက် ညည်းညူလိုက်သလို ပြန်ပြောသော စကားကြောင့် ရဲရင့်က ထပ်မေး၏။
YOU ARE READING
The Hologram
Romanceချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။