Unicode
"ညက ကိုကို့ ကို စိတ်ပူလို့ ကိုကြီးရဲရင့်က အိပ်တောင်မပျော်ဘူးတဲ့ ... နော်"
ဇွဲကို လှမ်းပြောပြနေရင်းက "နော် ..." ဟု ဆိုကာ ရဲရင့်ဘက်ကိုပါ လှည့်ပြော၏။
"ငါ ပင်ပန်းနေတာကိုးဟ၊ မနေ့က မနက်တည်းကသေချာလည်း မအိပ်ရသေးတာကို ဈေးလည်း၀ယ်ရသေးတယ်၊ ပြီးတော့ နင့်ကိုလည်း လာခေါ်ရသေးတယ်လေ"
"သွန်းကို လာခေါ်ပေးရုံပဲဟာကို၊ ကိုယ့်ဘာသာ တစ်ညလုံးမအိပ်ဘဲ လျှောက်သွားနေတာကိုများ"
ရဲရင်နဲ့ သွန်း နှစ်ယောက်သား အနိုင်မခံပြောနေတာကို ကြည့်ပြီး ဇွဲက ရယ်နေပြီးမှ ဆိုဖာမှာ ထိုင်နေသော ဘုန်းဆက်ထင်ဘက်ကို မော့ကြည့်လာကာ -
"မင်း အလုပ်တွေဖျက်ရတာ များနေပြီမလား"
"ရပါတယ် ... မင်းသစ် ရှိတာပဲ၊ ဒါပေမဲ့ မနက်ဖြန်တော့ သွားရမယ် ထင်တယ်"
"ကိုဆက်ထင် ကြည့်လုပ်ဦးနော်၊ ဒီကောင့်ကြောင့် THE SUN Group ပါ ဒေဝါလီခံရနေရဦးမယ်၊ ဇွဲရဲ့ ပြဿနာရှာနိုင်စွမ်းက ဒါ အစပဲရှိသေးတယ်"
"ဘာကို ပြဿနာရှာနိုင်စွမ်းလဲ၊ အဲ့ဒီပြဿနာတွေက ငါ့ကိုလာလာရှာနေကြတာလည်း ထည့်ပြော"
ဇွဲက ရဲရင့်ထိုင်နေရာဆီ ခြေထောက်နဲ့ လှမ်းကန်ရင်း ပြန်ပြော၏။ ဇွဲတို့ သုံးယောက်က ဧည့်ခန်းကြမ်းပြင်ပေါ် ထိုင်ကာ UNO Card ဆော့နေကြတာ ဖြစ်သည်။
"အင်းလေ ... ကိုကိုက ဘယ်မှာပြဿနာရှာနေလို့လဲ"
သွန်းက ရဲရင့်ကို မျက်စောင်းထိုးကာ ပြောသည်ကို ဇွဲက သွန်းဆံပင်တွေအား လက်နှင့်ဖွရင်း "ပြောပြလိုက်" ဟု ပြောကာ ရယ်နေ၏။ ရဲရင့်က "နင်ပဲပြော" ဟု ပြန်ပြောသည်ကို နှစ်ယောက်သား သဘောကျစွာ ရယ်နေကြသည်။ ဇွဲ၊ ရဲရင့်နဲ့ သွန်းတို့ သုံးယောက်ကို မြင်ရတာဟာ မိသားစုလေးတစ်ခုလို ရင်းနှီးနွေးထွေးနေသည်။ အမြဲလိုလို မျက်မှောင်ကြုံ့ထားတတ်သော ဇွဲဟာ မျက်လုံးတွေကအစ သဘောတကျ ပြုံးရယ်နေတာကိုလည်း အခုမှ မြင်ဖူးတာ ဖြစ်သည်။
"ကိုကို့ကို ပျော်စေချင်တယ်" ဆိုသော သွန်းဟာ တကယ်လည်း ဇွဲကို ပျော်ရွှင်အောင် စွမ်းဆောင်နိုင်တာပဲ ဟု တွေးမိသည်။ ဘုန်းဆက်ထင်သည်လည်း ဇွဲကို ပျော်စေချင်သောသူပဲ။ သို့သော် သူဟာ ဇွဲအနားကို နောက်ကျပြီးမှသာ ရောက်လာခဲ့သည်။
YOU ARE READING
The Hologram
Dragosteချစ်တဲ့စိတ်နဲ့ ချည်ထားခဲ့တာပါ အဲ့ဒီကြိုးဟာ ငါ့ရဲ့အသက်ကြိုး ဖြစ်တယ် အကယ်၍ ပြတ်တောက်ခဲ့သည်ရှိသော် မင်းအပေါ် စိုးစင်းမျှ ထိရှမှုလေးတောင် မရှိစေရပါဘူး ...။