ရှရှခေါင်းခါပီး ပြုံးပြလိုက်ကာ....
"ဘာမှမဖစ်ပါဘူး"လုရန်တို့ဟောခန်းထဲကိုရောက်တော့ တာဝန်ကျဆရာမက လုရန်နဲ့ ရှရှကိုခေါ်သွားပီး ထိုင်ခုံနဲ့ မိုက်ကိုပေးလိုက်သည်
ရှရှ လုရန်တို့ပြောနေတာကို ဓာတ်ပုံအချို့ရိုက်လိုက်ပီး လုရန်ဘေးကထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပီးနားထောင်နေလိုက်သည်
ဟောပြောပွဲပီးသွားတော့ မိဘတွေက စင်အနားကိုသွားတာ သိချင်တာတချို့ကို
လုရန်ကိုထပ်မေးလေသည်ရှရှ လုရန်ကို ဟောခန်းအပေါက်ဝမှာစောင့်နေတုန်း ရုတ်တရက်အနောက်ကနေစောင့်ဆွဲတာခံလိုက်ရသည်
"ယွမ်ရှ" ရှရှ မလှည့်ကြည့်လည်းဘယ်သူလဲဆိုတာအသံကြားတာနဲ့သိသည်
ရှရှ သက်ပြင်းချလိုက်ကာ
လာချိန်တန်ရင်တော့ လာမှာပဲပင် ဘယ်လိုမှရှောင်လွဲလို့မရပေရှရှ အနောက်ကိုလှည့်ကြည့်လိုက်ကာ မျက်စိရှေ့ကလူကိုကြည့်လိုက်ပီး..
"တိုက်ဆိုင်လိုက်တာ" သူမမလာခင်ကတည်းက ခန့်မှန်းမိပီးသားပင်ထန်စန်း(ရှရှ ပထွေး)က ပိုက်ဆံမရှားပေ ချန်ကျယ်(ရှရှ အမေ)ကလည်းကြွားချင်တဲ့သူဖစ်တာကြောင့် သူတို့ရဲ့သား ထန်စစ်ဖန်းကလည်း သေချာပေါက် ဒီကျောင်းမှာတက်မှာသေချာလေသည်
"ငါအစောကတည်းက နင့်ကိုတွေ့တယ် ခုနက ဆရာဝန်နဲ့ နင်ဘယ်လိုလုပ်ပီး သူနဲ့တူတူရှိနေတာလဲ နင့်က ဆေးကမှမဟုတ်တာ ဘယ်ဌာနမှာလဲ ဘာလို့ အိမ်မပြန်လာတာလဲ"
ရှရှ နံရံမှာ ကပ်နေလိုက်ကာ တုန်နေတာကိုဖုံးကွယ်လိုက်ပီးနောက်...
"အမေ သေချာစဥ်းစားပါဦး ကျွန်မမပြန်လာတာလား ဒါမှမဟုတ် အိမ်မှာ ကျွန်မနေရာမရှိတာလား""နင်ငါကိုဘယ်လိုစကားပြောနေတာလဲ ငါကနင့်အမေ"
ရှရှ တချက်နာကျင်စွာနဲ့ ရီလိုက်ကာ...
"ဟုတ်လား ကျွန်မမှာ အမေရှိတာလား ကျွန်မက အမေမရှိဘူးထင်နေတာ"ချန်ကျယ် လက်ကိုမြှောက်ကာ ရှရှကိုရိုက်ဖို့ပြင်နေတုန်း လက်ကိုဆောင့်ဆွဲတာခံလိုက်ရသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...