၁၇၃၈ ခုနှစ်။ အဓိဋ္ဌာန်အောင်ပြီဟု ကြွေးကြော်ကာ လူငယ်တစ်ဦးက စည်တော်သုံးချက်တီးသည်။ ဆုရင်သည် ရွှေမော်ဓောဘုရား၌ ဥပုသ်သီလဆောက်တည်ခြင်း အောင်မြင်ပြီးဆုံးကြောင်း အထိမ်းအမှတ်ဖြင့် သူဆင်းရဲပြည်သူများကို စားနပ်ရိက္ခာနှင့်ဆေးဝါးများ အလှူပေးနေ၏။ ဟံသာဝတီ၌ နေထိုင်သည့်အတောအတွင်း ဆုရင်သည် ဟံသာဝတီမြို့ဝန်ဦးသာအောင်နှင့် ခပ်ကင်းကင်းနေပြီး ဆင်ဝန်ဦးအောင်လှကိုသာ အမှီအခိုပြုခဲ့သည်။ ဆင်ဝန်မိသားစုနှင့် အကျွမ်းတဝင်နေခဲ့သည်။ အင်းဝမပြန်ခင် ဟံသာဝတီပြည်သူများအား အလှူပေးချင်သဖြင့် ဆုရင်၏ကိုယ်ပိုင်ဘဏ္ဍာငွေအား အသုံးပြုကာ ဆင်ဝန်မင်းကို စီစဥ်ခိုင်းခဲ့ခြင်းဖြစ်လေသည်။ ဟံသာဝတီလမ်းမပေါ် သူဆင်းရဲပြည်သူများမှာ များပြားလွန်းသဖြင့် ရိက္ခာများ မလောက်မငှပင် ဖြစ်ရပြီး ရိက္ခာအတွက် ဆုရင် လက်ဝတ်ရတနာများပင် ချွတ်ရောင်းကာ လှူဒါန်းအမှုပြုလေသည်။ ပြည်သူများမှာ ဝမ်းမြောက်သာဓုခေါ်ကြပြီး ဆုရင်ကတော့ ကောင်းမှုအတွက် အဓိဌာန်အတိုင်း မဏိပူရတိုင်းသားတို့ အမြန်ဆုံးလှည့်ပြန်ကာ မဏိပူရစစ်အေးငြိမ်းရန် တောင်းဆုပြုခဲ့သည်။ခရုကသင်းမှုတ်သံရှည်သည် ကျယ်လောင်စွာ ပေါ်ထွက်လာပြီး လူအုပ်ကြီးမှာ လမ်းဖယ်ပေးကြသည်။ အင်းဝနန်းတော်မှ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ မှူးမတ်များသည် သဘင်အဖွဲ့များ ခြံရံလျက် ဆုရင်၏ရှေ့တော်မှောက်သို့ အခစားဝင်ရောက်လာလေသည်။
''ဘုန်းတော်ကြီးမြတ်ပါသည့် အရှင်မိဖုရားငယ်အား ကျွန်တော်မျိုးတို့ ခရီးဦးဆိုက် အရိုအသေပြုကြောင်းပါဘုရား၊ အင်းဝပြည့်ရှင်မင်းသည် ယောမိဖုရားငယ်နှင့်ပုဂံမင်းသမီးကို နန်းတော်သို့ ပင့်ဆောင်လာရန် အမိန့်တော်ထုတ်ပြန်လိုက်သဖြင့် ရွက်လွင့်သင်္ဘောကြီးမှာ ဟံသာဝတီဆိပ်ကမ်းသို့ ရောက်ရှိနေကြောင်း အသိပေးလျှောက်တင်အပ်ပါတယ်ဘုရား''
''ဘယ်သို့ကြောင့် မောင်မင်းတို့က ကျွန်ုပ်အား ကြိုတင်အသိမပေးပါဘဲ ကုန်းလမ်းအစား ရေလမ်းဖြင့် အလောတကြီး လာခေါ်ကြလေသလဲ''
YOU ARE READING
ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်