🩺Dear uncle doctor(အပိုင်း-၂၀)🩺

238 11 0
                                    

လုရန် ရှရှကိုဆေးရုံမခေါ်သွားတော့ဘဲတခါတည်း အိမ်လိုက်ပို့လိုက်သည်
အိမ်အောက်မှာကားရပ်လိုက်ကာ...

"ပြန်ပီး ကောင်းကောင်းအိပ်လိုက် ဘာမှထပ်ပီးမစဥ်းစားနဲ့တော့ မင်းအခုအရွယ်ရောက်နေပီပဲ သူတို့နဲ့ဆက်ပီးမတွေ့ချင်တော့ရင်မတွေ့ဘဲနေလို့ရတယ် ပီးတော့သူမင်းကိုထပ်ပီးလာရှာရင်လည်းကိုယ့်ကိုပြောလို့ရတယ်"

"အွန်း" ရှရှ လုရန်ကိုခေါင်းညိတ်ပြလိုက်ကာ ကားတံခါးဖွင့်ပီးဆင်းသွားလေသည်

လုရန်လိုက်ဆင်းလာကာ...
"ခဏလေးနေဦး"

လုရန် ကားနောက်ခန်းကိုသွားလိုက်ကာ မဖွင့်ရသေးတဲ့ blind box၈ဘူးကိုရှရှကိုပေးလိုက်သည်

"အပေါ်ရောက်ရင်တဘူးချင်းဖောက်ကြည့် မင်းကိုစိတ်သက်သာရာရစေလိမ့်မယ်"

ရှရှ လက်ထဲက ဘူးတွေကိုကြည့်လိုက်ပီးဒီလောက်အများကြီးဘယ်ကရလာတာလဲ

ပြောတော့ထမင်းသွားစားတုန်းက ပေးတာဆို မနေ့ကတောင်သူ့အတွက်တဘူးချန်ထားတာပြောပီးတော့..
"ဒါတွေအားလုံးကျွန်မကိုပေးတာလား"

လုရန် ရှရှကို ဘယ်ကရတာလဲ ဘယ်သူအတွက်ဝယ်ထားတာဆိုတာကိုရှင်းပြမနေတော့ဘဲ..
"တဘူးချင်းဖွင့်ကြည့်တာ မင်းကြိုက်တာရခဲ့ရင် ကိုယ့်ကိုဓာတ်ပုံရိုက်ပီးတော့ပို့လိုက်"ဟုဆိုကာ ရှရှဘေးကနေဖြတ်ပီးကားထဲကိုဝင်ကာမောင်းထွက်သွားလေသည်

ရှရှ လုရန်ကားထွက်သွားတဲ့ အထိကို ဘူးတွေကိုင်ကာကြောင်နေလေတော့သည်
အခု လုဆရာဝန်က သူမကိုချော့သွားတာလား

ပထမဆုံးဖောက်လိုက်တာက ဖုန့်ဝမ် နောက်အကောင်တွေက ရှန်‌စေ စွမ်းနီ ကူလုက ကျင်လီ ရှာယွီ ကျုံးခွေ နောက်ဆုံးဖွင့်လိုက်တာက အဲ့ကောင်တွေထဲမှာမပါတဲ့ limitedအကောင်လေး သူမ အခုမှသိတော့တယ် ဘာလို့blind boxကနာမည်ကြီးလာတာလဲဆိုတာကို အထဲမှာဘာလေးရမလဲဆိုတာကို စိတ်လှုပ်ရှားစွာဖောက်လိုက်ပီး ရလာတဲ့ချစ်စရာအရုပ်လေးတွေကလူကိုပျော်အောင်လုပ်ပေးနိုင်သည်

လုရန်ကားမောင်းနေတုန်း wechatကနေစာဝင်လာတဲ့ အသံကြားလိုက်တာကြောင့် ရှရှ အရုပ်‌လေး၈ရုပ်ပုံကိုပို့ထားလေသည် အဲ့ထဲကတကောင်ကိုမှ အမှတ်အသားလေးနဲ့ပြထားပီး အောက်ကနေစာတကြောင်းပို့ထားလေသည်

Dear uncle doctor🩺(Complete)Where stories live. Discover now