"လုဆရာဝန် ကျွန်မဘာမှမဖစ်ဘူး ရပါတယ်"
ရှရှကိုကြည့်ရတာ အဆင်ပြေတဲ့ပုံမပေါ်တာကြောင့်...
"တကယ်လို့ မင်းအဆင်မပြေရင် ဒီအခန်းထဲမှာပဲခဏစောင့်နေ ကိုယ်လူနာကြည့်ပီးတာနဲ့ မင်းကိုပြန်လိုက်ပို့ပေးမယ်""ရပါတယ် လုဆရာဝန် ကျွန်မ အဆင်ပြေပါတယ်"
ဒီအချိန်လောက်ဆိုရင် ထန်စန်း(ရှရှပထွေး)သူ့မ အမေ နဲ့လိုက်သွားပီး ပိုက်ဆံရှင်းဖို့သွားလောက်ပီဖစ်သည်
သူမခုချိန်ထွက်သွားပီး အရေးပေါ်လှေကားကနေ သွားရင်ရလောက်တယ် သူ သူမကိုမတွေ့နိုင်လောက်ပေ
လုရန် ရှရှမြန်မြန်ထွက်သွားတာကိုကြည့်ပီး ဘာမှမပြောတော့ပေ နေ့လည်ဘက်ကြီး ဆေးရုံမှာဘာမှလုပ်လို့မရလောက်ပါဘူး
ရှရှ အရေးပေါ်လှေကားကနေသွားဖို့ တံခါးဖွင့်ပီး အထဲဝင်တုန်းရှိသေးသည်
အနောက်ကတေလူတယောက်တွန်းတာခံလိုက်ရတာကြောင့် ရှရှ နံရံကိုသွားရိုက်မိလေသည်
"အာ့"ရှရှ သူမရှေ့ကလူကိုမြင်လိုက်တော့ နံရံဘက်ကိုတိုးသွားကာ ဒီလှေကားကနေတယောက်ယောက်ဖြတ်သွားတဲ့လူရှိလား ရှာလိုက်သည်
ဒါမယ့်ခုလို နေ့လည် လူနာတောင်မရှိတော့တဲ့အခြေအနေမှာ ဒီဘက်ကိုလာဖို့မဖစ်နိုင်တော့ပေ ဒီအရေးပေါ်လှေကားကအစကတည်းကလူသုံးနည်းလေသည်
ထန်စန်း ရှရှကို နံရံနဲ့ သူလက်တွေကြားချူပ်ထားလိုက်သည်
ရှရှ အတိတ်က အိမ်မက်တချို့ကိုပြန်မြင်ယောင်လာကာ တကိုယ်လုံးတုန်လာတော့သည်
ရှရှ အတက်နိုင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားကာ...
"ထန်စန်း ရှင်ဘာလုပ်တာလဲ""ငါဘာလုပ်မယ်လို့ထင်လဲ"
"ခုဒီနေရာကဆေးရုံနော် ရှင့်မိန်းမနဲ့ ကလေး အပြင်မှာရှိနေသေးတယ်နော် ကျွန်မခုချိန်ထိရှင့်ကိုကြောက်မယ်ထင်နေတာလား"
"အော် ဟုတ်လား"
ထန်စန်း ရှရှနားကိုပိုတိုးကပ်လာကာ...
"ဒါဆို ဘာလို့ ငါစာပို့တာနဲ့ ငါပြောတဲ့အတိုင်းချက်ချင်းလုပ်တာလဲ" သူအသံကလုံးဝကိုရွံ့စရာကောင်းလွန်းသည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...