လုရန်အစကရှုပ်နေတဲ့စိတ်က ရှရှရဲ့စကားကြောင့် စိတ်အနည်းငယ်ပြေသွားလေသည်
လုရန် မတ်တပ်ရပ်လိုက်ကာ တံခါးဖွင့်လိုက်ပီး ခွဲခန်းဆီဦးတည်သွားလေသည်
"အွန်း ခဏနေကြရင်ကိူယ့်ရဲ့ရုံးခန်းကိုလာခဲ့ ကိုယ့်ကိုအဲ့မှာပဲစောင့်နေနော်"
မျက်ကြည်လွှာခွဲစိတ်တာက အချိန်အဲ့လောက်မကြာပေ
ထန်စစ်ဖန်းရဲ့ခွဲစိတ်မှုအချိန်က အရေးပေါ်အချိန်ထည့်လိုက်တာကြောင့် ညပိုင်းမှာဖစ်သွားသည်
Nurseတွေကလည်း ခွဲစိတ်မှုပီးမှပြန်ရမှာကြောင့်စောင့်နေကြလေသည်
ရန်ကျွင်းဟောက်က အဓိကခွဲစိတ်တဲ့သူဖစ်တာကြောင့် ခွဲစိတ်မှုပီးသွားတော့အပြင်ထွက်ကာ လူနာရှင်တွေကိုအခြေအနေပြောပြနေသည်
လုရန်ကတော့ အဲ့လူတွေနဲ့မတွေ့ချင်တာကြောင့်မထွက်သေးဘဲ nurseတွေခွဲစိတ်ပစည်းတွေသိမ်းကာ အကုန်ထွက်သွားပီး နောက်ဆုံးမှသူလိုက်ထွက်လိုက်သည်
လုရန်ခွဲခန်းကထွက်တုန်းရှိသေးသည် ထန်စန်းကလက်ကိုဆွဲလာတာကြောင့်အထိမခံဘဲချက်ချင်းဖယ်လိုက်သည်
"လုဆရာဝန်"
"ကျွန်တော်က အကူပဲ အခြေအနေမေးချင်သေးရင်ရန်ကျွင်းဟောက်ကိုသွားမေးပါ"
"လုဆရာဝန် ကျွန်တော်အဲ့နေ့ကစကားပြောကြမ်းသွားတယ်"ဆိုပီး ရီကာ လုရန်ကိုပြောလိုက်သည်ထန်စန်း သူ့အိတ်ထဲကနေ စာအိတ်တအိတ်နှိုက်ကာ လုရန်ရဲ့uniform ထဲထိုးထည့်ပေးဖို့ပြင်လိုက်သည်
"ကျွန်တော့ရဲ့စေတနာပါ ဘယ်လောက်မှမရှိပါဘုး ကျွန်တော်ကိုဖစ်ခဲ့တာတွေစိတ်ထဲမထားဘဲ ကျွန်တော်သားကိုခွဲစိတ်ပေးတာကျေးဇူးတင်ပါတယ်"
လုရန် အနောက်ကိုဆုတ်လိုက်ကာ cctvမြင်ရလောက်တဲ့အထိတိုးလိုက်ပီးမှ...
"ကျွန်တော်တို့ဆရာဝန်တွေအတွက်က လူနာတွေအားလုံးကတူတူပဲ" ဟုဆိုကာ ထန်စန်းရှေ့ကနေထွက်သွားလေသည်နည်းနည်းဝေးဝေးရောက်မှ လုရန် ရန်ကျွင်းဟောက်စီဖုန်းဆက်လိုက်ကာ...
"ဟယ်လို မင်းထန်စစ်ဖန်းရဲ့ မိဘတွေကိုသတိထား ငါကိုခုနကခွဲခန်းအရှေ့မှာ အကျီအိတ်ထဲကို စာအိတ်ထည့်ဖို့လုပ်နေတာ ဘာတွေကြံစည်နေလဲမသိဘူး မင်းလူနာ သွားစစ်တဲ့အချိန်ကြရင်လည်းသတိထားဦး"
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...