ဆောင်းရာသီအစောပိုင်း နိုဝင်ဘာနှောင်းပိုင်းအချိန် ဒေကာမားမြို့။ ပုံမှန် မနက်ခင်းများကဲ့သို့ မြို့လယ်ရပ်ကွက်မှ မနက်ခင်းခေါင်းလောင်းသံများက ဆူညံနေလျက်။ ခိုငှက် တစ်အုပ်ကလည်း တောင်ပံခတ်လျက် ဖုန်မှုန့် အစုအဝေးများကဲ့သို့ မိုးကောင်းကင်ကို ဖြတ်သန်းလျက် ပျံဝဲနေကြသည်။
အုံံ့မှိုင်းမှိုင်းနှင့် အေးစိမ့်ကာ ကြောက်မက်ဖွယ်ကောင်းသောနေ့ဟာ သေလူကိုသင်္ဂြိုဟ်ဖို့ သို့မဟုတ် လူနေအိမ်ထဲ သူခိုးဝင်ခိုးနိုင်ရန် အလွန်လိုက်ဖက်သော နေ့လေးကဲ့သို့ ဖြစ်နေ ချေ၏။ ဘယ်လိုပဲ ဖော်ပြရဖော်ပြရ ယခု ရာသီဥတုအခြေအနေမှာ ယန့်ဆွေကျီး၏ ယခုလက်ရှိဖြစ်နေသည့် ခံစားချက်နှင့် အလွန်ကိုမှ ထပ်တူကျလျက်ရှိနေသည်။
လွန်ခဲ့သော လအနည်းငယ်တုန်းက သူသည် အထက်တန်းရှေ့နေဆိုသည့် ဂုဏ်ပုဒ်နှင့်အတူ ဒီ interstellar က Maze Universityရဲ့ ဥပဒေကျောင်းမှာ မဟာဌာနမှူး ဖြစ်ခဲ့၏။ ခေါင်းစ ခြေအဆုံး ကျော့ရှင်းနေအောင် ဝတ်စားဆင်ယင်တတ်ပြီးလျင် အထက်တန်းစား လူတွေကျင်းပသည့် ဉယျာဉ်ခြံပါတီတွေကို တက်ရောက်ခဲ့သည်။
သို့ပေမဲ့ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် သူဟာ ငမွဲတစ်ယောက်နည်းပါးဖြစ်သွားခဲ့ရ၏။
မနက်ခင်း ၈နာရီလောက်တွင် ဒေကာမား အနောက်အရပ်စွန်းစွန်းမှ ပျားပန်းခတ်နေသည့် မှောင်ခိုဈေးမှာ သူဟာ လျှောက်သွားနေရသည်။ လမ်းတစ်ဖက်တစ်ချပ်စီတွင် ဖွင့်ထားသည့် ဈေးဆိုင်များရှေ့က ဆိုင်းဘုတ်တွေကို ဝေ့ဝဲကြည့်နေရင်း သူ၏ ကော်ဖီကို နောက်တစ်ငုံသောက်လိုက်ပြန်သည်။
သူ၏အသားအရေမှာ ဖြူဖွေးပြီး လှပ၏။ သို့သော် သူ့မျက်နှာအမူအရာမှာတော့ အတော်ကလေး ပျက်ယွင်းနေလျက်ရှိသည်။ သူသောက်နေသည့်အရာမှာ ကော်ဖီမဟုတ်ဘဲ သန့်စင်ခြင်းမလုပ်ထားတဲ့ ကြောင်ချေး ကော်ဖီ (၁) ကို သောက်နေရသကဲ့သို့ပင်။
သူ့မှာ သင့်တော်တဲ့ဆိုင်ကို ရှာရင်းထိုနေရာတွင်ရှိနေရသည်မှာ နေ့တစ်ဝက်တောင် ကျိုးနေပြီဖြစ်သည်။ စာရွက်စာတမ်း တစ်ခုနှစ်ခုလောက် အတုလုပ်နိုင်ပြီး ပစ္စည်းအနည်းငယ်ကို စစ်ဆေးပေးနိုင်မဲ့ ဆိုင်မျိုးကို ရှာနေတာဖြစ်သည်။
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...