Chapter 15

16 6 1
                                    


အမှုဖိုင်တွဲတွင် ဖော်ပြထားခြင်းအရ Joshua dale ၏လိပ်စာမှာ အမှတ် ၉၄ ရွှေသစ်ရွက်ခရိုင်ဖြစ်ပြီး ဖောက်ထွင်းမှု ကျူးလွန်ခံရသူ၏ လိပ်စာမှာ ဒေးလ်အိမ်ချင်းကပ်ရပ် အမှတ် ၉၃ဖြစ်တယ်ဆိုတာကို ယန့်ဆွေကျီးပြန်အမှတ်ရလိုက်သည်။

သို့သော်လည်း ဤစုတ်ပြတ်ဟောင်းနွမ်းနေသော နေရာမှာ နေအိမ်များနှင့် ပို၍ပင် ကျပ်သိပ်နေ၏။ နေအိမ်တွေကို တည့်တည့်ဖြတ်၍ သွားလာဖို့ လမ်းတောင်မရှိ။ အိမ်တိုင်းမှာ ရှေ့၊နောက်၊တောင်၊မြောက် နံရံများက ဝန်းရံထား၏။ ဘယ်တစ်ခုက အမှုသည်၏ အိမ်မှန်းတောင် ခွဲခြားနိုင်ဖို့ ခက်ချေသည်။

ကိုယ်တိုင်သာမသွားကြည့်ဘူးဆိုလျင် ဒီကိစ္စကို စစ်ဆေးနိုင်ဖို့ မလွယ်‌နိုင်။

ကုယန် ဒီအမှုကို လက်ခံရကတည်းက လွန်းပျံယာဉ် လက်မှတ်ကြိုတင်မှာယူထားခဲ့သည်မှာ အံ့သြစရာ မရှိတော့။

“ တစ်ယောက်ယောက်ကို ထောက်ခံပေးရမယ်?”

ကုယန်အသံက မကျယ်သော်လည်း တမင်သက်သက် တိုးထားခြင်းလည်း မဟုတ်တာမို့ ယန့်ဆွေကျီး တမင်သက်သက် နားထောင်တာမဟုတ်ပေမဲ့ သူ့နားထဲ စကားသံအချို့ တိုးဝင်လာကာ အာရုံကို နှောင့်ယှက်ခံလိုက်ရ၏။

“ဒီနေ့က ဘာဖြစ်နေတာလဲ? လူ တစ်ယောက်နှစ်ယောက်ရှိပြီ ငါ့ကို ပွဲစားလုပ်ပေးဖို့ ပြောနေကြတာ။” ကုယန်အသံက တည်ငြိမ်လှ၏။

“ မင်း ဒါမျိုးကိစ္စအတွက်ဆို တခြားတစ်ယောက်ယောက်ကို ရှာသင့်တယ်။ မင်းအတွက် သင့်တော်တဲ့လူကို သူတို့ ရှာပေးလိမ့်မယ်။ ငါ့မှာလည်း အလုပ်သင်က တစ်ယောက်ပဲရှိတယ်။”

‘အလုပ်သင်’ ဆိုသည့် စကားလုံးကို ကြားသည့်အခါ ယန့်ဆွေကျီးက ကုယန်ဘက် လှည့်ကြည့်လာသည်။ သို့ပေမဲ့ တစ်ဖက်လူကတော့ မျက်တောင်ပင် မရွှေ့ကြည့်လာ - မသိလျင် သူ့ရှေ့က အလုပ်သင်ကျောင်းသားက အသက်မရှိတဲ့ လူကဲ့သို့။

ယန့်ဆွေကျီးအနေနှင့် ဖုန်းတစ်ဖက်က လူပြောတာကို မကြားနိုင်ပေမဲ့ ကုယန်က ကြားဖြတ်ပြောလိုက်တာကိုတော့ ကြားလိုက်ရသည်။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now