သူနာပြုမလေးအနေနှင့်တော့ ရေးထားသည့်စကားလုံးမှာ သေသပ်လှပမှုရှိတာပဲလို့ တွေးနေမိကာ ဘာပြသနာမှ ရှိမတွေ့ချေ။
လူနာ၏နာမည် ရေးရမည့်နေရာမှာ ဗလာပြန်ဖြစ်သွားရကာ ဘောပင်ကိုင်ထားသော ကုယန်က စာလုံးနှစ်လုံးကို ပြန်ရေးလိုက်ပြန်၏။
“ ရွမ်ယဲ့”
သူနာပြုမလေးမှာ အပေါ်ဘက်မှ ကြည့်ကြည့် အောက်ကကြည့်ကြည့် ရှေ့ကလူက ထိုစာလုံနှစ်လုံးကို ဘယ်လိုဖြစ်ပြီး ‘ယန့်’ ဆိုသည့် တစ်လုံးတည်းသောစာလုံးနှင့် မှားလိုက်နိုင်သနည်းဆိုတာကို နားမလည်နိုင်ခဲ့ရ။ သို့ပေမဲ့ သူမက ဘာမှဝင်ပြောခြင်းမပြုဘဲ အနားမှာပဲ တောက်ပလှသော အပြုံးနှင့် ပုံမှန်အတိုင်းပင် ရပ်စောင့်နေပေး၏။
ကုယန်က ဖောင်ကို အလျင်အမြန်ပင် ဖြည့်သွင်းလိုက်ကာ အတည်ပြုလိုက်ပြီးနောက် ပြန်ဖယ်ခွါသွားလေသည်။
သူနာပြုမလေးက လိမ္မာကျွမ်းကျင်စွာပင် ဖိုတွန်ကွန်ပြူတာနှင့် ပြန်အလုပ်လုပ်လိုက်ကာ သိပ်မကြာခင်မှာပင် Spring Ivy က ထိုလူနာ၏ ID နှင့် ချိတ်ဆက်ထားပြီးကြောင်း မှတ်တမ်းကို ဖော်ပြလာ၏။ ‘ရွမ်ယဲ့’ ဆိုသည့် ID ၏ ဆေးမှတ်တမ်း စာမျက်နှာတွင် ရောဂါစစ်ဆေးမှု သို့မဟုတ် ကုသမှုနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာက တစ်ကြောင်းမျှပင် ရှိမနေချေ။
Spring Ivy ဆေးရုံမှမှတ်တမ်းလည်း မရှိသလို တခြားဆေးရုံတွေဆီမှလည်း မရှိချေ။
ဒီအရာက သိသိသာသာပင် ပုံမှန်မဟုတ်ရ။“အန်..” သူနာပြုမလေးက ထိုစာမျက်နှာကို တွေ့သည့်အခါ အံ့သြဘနန်းဖြစ်သွားရ၏။ သူမက refresh အကြိမ်ကြမ်လုပ်နေလျက် နှုတ်မှလည်း “ ဒီinterface ကကြောင်သွားတာလား? ဘာလို့ ဘာမှ ရှိမနေတာလဲ?”
ကုယန်မှာတော့ အံ့သြဟန်မရှိဘဲ ထိုဗလာဖြစ်နေသော interface ကို ကြည့်လာ၏။
ထိုအချိန် သူ့လက်ချောင်းပေါ်မှ smart device က ရုတ်တရက် တုန်ခါလာသည်။ ကုယန်က သူ့ကုတ်အိတ်ထောင်ထဲမှ နားကျပ်ကို ထုတ်ယူကာ တပ်ဆင်လိုက်သည်။ သူက ခေါ်ဖိုမှုကိုလက်ခံလိုက်ကာ သူနာပြုကို မေးလိုက်၏။“ အဆင်ပြေပြီလား?”
တစ်ဖက်လူက အလုပ်များနေဟန်နှင့် ဆေးမှတ်တမ်းဗလာဖြစ်နေမှုကိုလည်း အာရုံမရှိမှန်းတွေ့ရသောအခါ သူနာပြုမလေးက ခေါင်းညိတ်လိုက်ပြီး interface မှ ပြန်ထွက်လိုက်၏။
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...