ဒီကုယန် တစ်ယောက်ယောက်ကို ဘာမှဆက်မပြောတော့ပဲ အထုတ်ပြင်ပြီး ပြန်ခိုင်းလိုက်တာမျိုးက ဘယ်လခွမ်းလို နေရာကနေသင်လာတာလဲ?ငါ သင်ပေးခဲ့တာ မဟုတ်တာတော့ သေချာတယ်။
ယန့်ဆွေကျီးက တွေးလိုက်၏။
သူသာဆို ချီးပုံတက်နင်းမိတဲ့ မျက်နှာနှင့်တစ်ယောက်ယောက်ကို အိမ်ပြန်တော့ဖို့ ပြောမှာမဟုတ်ချေ။ အပြုံးလေးနဲ့ပဲ နေရာကနေချက်ချင်းထွက်သွားဖို့ မောင်းထုတ်မှာ ဖြစ်သည်။
သို့ပေမဲ့ အခုအချိန်မှာတော့ သူဒီနေရာကနေ ထွက်သွားလို့မရသေး။ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တစ်လုံးမှ မဖတ်ကြည့်ရသေး။
အခုထိ ပွင့်နေဆဲ newsfeed ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ၁၀နာရီ ၁၅ပဲ ရှိသေး၏။
ဆိုတော့ သူ့ကို ကုယန်ဆီ လွဲပေးကတည်းကဆိုရင် အခုထိ ၁ နာရီနဲ့ ၁၁ မိနစ်ပဲ ရှိသေးတာပေါ့? သူ Southcross law firm မှာ စံချိန်သစ် ချိုးလိုက်နိုင်ခဲ့ပြီ ထင်တယ်။
သူ့မှာ အလုပ်စဝင်ပြီး တစ်နာရီကျော်ကျော်အတွင်းမှာပဲ အလုပ်ကနေ ရက်ရက်စက်စက် ကန်ထုတ်ခံရသည်။ တကယ် မကြုံစဖူး အတွေ့အကြုံအသစ်ပင်။
ဖြစ်စဉ်တွေက ရုက်တရက် ပြောင်းလဲသွားကာ သူလုံးဝ မျှော်လင့်ထားခြင်း မရှိသည့်အခြေအနေသို့ ပြောင်းလဲသွားတာကြောင့် ဖြစ်မည် သူ့မှာ ဒေါသတောင်မထွက်နိုင်။ တကယ်တမ်း ရယ်ချင်မိသွား၏။
သူက စကားပြောတဲ့အခါဖြစ်ဖြစ် တစ်ခုခုလုပ်တဲ့အခါဖြစ်ဖြစ် အတော်လေး စော်ကားမော်ကားနိုင်တဲ့သူဖြစ်ကာ သူစိတ်ထဲရှိသလိုပဲ ပြုမူလေ့ရှိသည်။ အကျိုးဆက်ကတော့ အခုချိန်မှာ သူ ပါးစပ်တစ်ဖက် ရွဲ့နေရပြီ ( ပြုံး နေရသည် )။
ကုယန်က ဖုန်းချပြီးလို့ ခေါင်းစောင်းငဲ့လာတဲ့အခါ သူထွက်သွားဖို့ အော်ထားခဲ့တဲ့ အလုပ်သင်ကျောင်းသားက ပြုံးနေတာကို တွေ့လိုက်ရသည်။ ထိုအလုပ်သင်၏ မျက်လုံးတွေနှင့် နှုတ်ခမ်းထောင့်တွေမှာ အနည်းငယ် သဘောကျနေတဲ့ အရိပ်အယောင်တွေလည်ူ ဖြတ်ပြေးနေလျက်။
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...