Chapter 20

16 4 0
                                    

ကုယန်က တခဏ ရပ်သွားပြီးမှ ခေါင်းမော့ကာ ထပ်ပြောလာခဲ့၏။
“ ဒါမှမဟုတ် မင်းက ဘယ်သူ့ကို ယုံချင်တာလဲ?”

ထိုမှတ်ချက်မှာ ယန့်ဆွေကျီးအတွက် သူနှင့် အလွန်ကို ရင်းနှီးနေခဲ့သည်ဖြစ်ရာ ရုတ်တရက် မချိတင်ကဲ ခံစားလိုက်ရသည်။

လွန်ခဲ့သော နှစ်တွေတုန်းက ဟောပြောပွဲတစ်ခုမှာ ဖြစ်သည်။ ဟောခန်းမှာလည်း maze university ၌ မဟုတ်ပဲ ထျန်းရှင်းရှိ တခြားသော ဂုဏ်သရေကျော်စောသော တက္ကသိုလ်တစ်ခု၌ဖြစ်ကာ ဒေကာမားမှ လွန်းပျံယာဉ် နှစ်ဆင့်စီးရသည့်နေရာ၌ဖြစ်သည်။ ယန့်ဆွေကျီးက တခြားသော ပရော်ဖက်ဆာတို့ကိုလည်း ဦးဆောင်ကာ အဓိကဟောပြောသူအနေနှင့် ဖိတ်ကြားခြင်း ခံခဲ့ရသည်။

ကျောင်းသားတွေအနေနှင့် ထိုဟောပြောပွဲသို့ မဖြစ်မနေ တက်ရောက်ရသည်မဟုတ်။ ကောလိပ်သို့ တက်ရောက်ချင်သည့် ကျောင်းသားများအတွက် ကောလိပ်မှနေ၍ အတူတူ တက်ရောက်နိုင်ဖို့ အဖွဲ့တစ်ခု စီစဉ်ပေးသည်။

ထိုဟောပြောပွဲမှာ ဝင်ခွင့်ကန့်သတ်ချက်မရှိသော တံခါးဖွင့်ပွဲဖြစ်သည်။ ပရိသတ်တို့မှာ ဂြိုလ်အဖွဲ့အစည်းတစ်ခုလုံးမှ အရောရောအနှောနှောသော လူတွေဖြင့်ပြည့်နေကာ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူရွယ်တို့ဖြင့် ခန်းမတစ်ခုလုံး ပြည့်ကျပ်နေခဲ့သည်။

ဖိတ်ကြားထားသော ပါမောက္ခအားလုံးနီးပါးမှာ စကားပြောကောင်းကြသည့် သူများဖြစ်သည်။ သူတို့မှာ လူထုအား လူပန်းစားသော သိပ္ပံအကြောင်းအရာ စသဖြင့် အားရပါးရတင်ပြကြပြီး သူတို့ ဟောပြောမှု၌ ရယ်မောစရာလေးများပင် ထည့်သွင်းကြသေးသည်။ ပတ်ဝန်းကျင် အပြောင်းအလဲနှင့် လိုက်လျောညီထွေမဖြစ်သေးသည့် အသက်ကြီးကြီး ပရော်ဖက်ဆာ တစ်ဦးကသာ နေမကောင်းဖြစ်သွားသည်ဖြစ်ရာ သေတော့မလို ဖြည်းဖြည်းချင်း ပြောခဲ့တာပဲရှိသည်။

ထိုနေ့မှာ ဖြစ်ချင်တော့ သာယာသော နွေဦးညနေခင်းဖြစ်လေရာ ခန်းမထဲ၌လည်း လူတွေအများကြီး ရှိနေကြတာကြောင့် အိပ်ငိုက်ချင်စဖွယ် လေထုကို အမြန်ပင် ဖန်တီးစေတော့၏။ ထိုသည့်အတွက် ထိုလူအိုကြီးမှ နိဂုံးချုပ်စကားပြောသည့်အချိန်တွင်မူ ခန်းမရှိ ပရိသတ်တို့မှာ အိပ်ပျော်နေကြပြီပင်။ ရှေ့ဆုံးမှ နှစ်တန်းလောက်ကပဲ အိပ်ချင်နေသော မျက်လုံးတို့ကို မှိတ်မကျသွားအောင် မျက်တောင် တဖြတ်ဖြတ်ခတ်လျက် ကြိုးစားထိုင်နေကြသည်။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now