Chapter 21

23 6 0
                                    


“ ခင်ဗျားဘာလို့ ကျွန်တော်တို့ကို အပြင်ထွက်စားကြဖို့ ရုတ်တရက် ခေါ်ထုတ်လာရတာလဲ? ကျွန်တော့်ဆီမှာ အဲလောက်ပိုက်ဆံမရှိဘူး။ အဲလောက်ကြီး မတတ်နိုင်ဘူး။” Joshua က သူ့အိတ်ထောင်အား ပုတ်ပြကာ ဆို၏။

သူ့ဆီမှာ ခေတ်မီစက်ပစ္စည်းကိရိယာတောင်မရှိ။ smart device လည်း မရှိ၊ asset card လည်းမရှိ။ သူ့ဆီမှာရှိသည်က ဒေကာမား၌ မြင်ပင် မမြင်ဖူးတော့ပြီဖြစ်သော ခပ်အေးအေးငွေသားကြမ်းကြမ်းတွေသာဖြစ်သည်။

သို့သော် သူမမျှော်လင့်ထားပေမဲ့ ယန့်ဆွေကျီးက ခေါင်းခါကာ ပြုံးလာခဲ့လျက် “ ‘ကျွန်တော်တို့’ မဟုတ်ဘူး။ မင်းညီမ ရိုစီကိုပဲ ခေါ်မှာ။ ငါမင်းကို ခေါ်သွားမှာ မဟုတ်ဘူး။”

Joshua “……..”

သူ၏ မျက်နှာမှာ နီမြန်းသွားရကာ ရှက်ရွံ့စိတ်နှင့် ဒေါသကြား ကူးလူးနေမှန်း သိသာလှပါ၏။

သူက တစ်ခဏတာ ထိန်းချုပ်လိုက်ပြီးမှ အံကြိတ်လျက် စာကြောင်းတစ်ကြောင်း ညစ်ဆိုလာသည်။ “ ကျွန်တော် ခင်ဗျားကို ရှင်း‌ေအာင် ပြောပြပြီးသွားပြီလား? ဘာပဲဖြစ်ဖြစ် ဘာလို့ ညီမလေးတစ်ယောက်ထဲကိုပဲ ခေါ်သွားရတာလဲ?”

ယန့်ဆွေကျီးက ဆက်ပြော၏။ “ ငါအခန်းထဲဝင်လာကတည်းက သူ့ကို တိုက်ရိုက်မေးခဲ့တာပဲလေမဟုတ်ဘူးလား? မင်းမျက်နှာက ဘာလို့ နီနေရတာလဲ? ဟမ်း.. ဟေ့ကောင်လေး ငါမင်းကို ရန်စနေတာမဟုတ်ဘူး။ ဒါပေမဲ့ ငါလုပ်ဖို့ ရည်ရွယ်ထားတဲ့အရာက မင်းရှိနေလို့ အဆင်မပြေဘူး။”

Joshua မျက်နှာပေါ်မှ နီမြန်းမှုက တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့၏။ သူက ခေါင်းညိတ်ကာ “ အာ၊ ဒါဆိုလည်း ခင်ဗျားလုပ်ရမဲ့ အလုပ်သွားလုပ်ချေလေ။ ဘာကိစ္စကျွန်တော့် ညီမလေးကို ဆွဲခေါ်ရမှာလဲ?”

Joshua က ဆက်မပြောခင် တစ်ခဏ တန့်လိုက်ပြီးမှ အသံတိုးတိုးနှင့် “ ကျွန်‌တော့ဆီမှာ ညီမလေးကို သိုးသားကင်ကျွေးနိုင်ဖို့ ပိုက်ဆံလည်း မရှိဘူး။ ပြီးတော့ ခင်ဗျားကို ပြန်ဆပ်ဖို့လည်း မရှိဘူး။”

ယန့်ဆွေကျီးက အခန်းတံခါးကို မှီလိုက်ကာ ထိုကောင်လေးအား တစ်ခဏ အကဲခတ်လိုက်ပြီးမှ ဘယ်ကမှန်းမသိသည့် မေးခွန်းတစ်ခုကို မေးလိုက်၏။

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now