Chapter 19 ( evidence 2 )

15 6 1
                                    


ယန့်ဆွေကျီးက လေးလေးနက်နက်ဖြင့်

“ ရှိတယ်။”

Joshua ၏အသံမှာ ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် တိုးမြင့်လာကာ

“ တကယ်လား?”

“ မင်းတစ်ခုပဲ လုပ်ပေးဖို့ လိုတယ်။”

“ ဘာလုပ်ရမှာလဲ?”

“ ဟိုးမှာ ကုတင်ဘေးက အနက်ရောင် ဗီရိုကိုတွေ့လား” ယန့်ဆွေကျီးက မေးသည်။

Joshua က ခေါင်းညိတ်ပြီး “ တွေ့တယ်။ ငါ ကန်းနေတာမှ မဟုတ်တာ။”

“ ဒါဆိုလည်း အဲ့ကိုသွား။”

Joshua မှာ သူ၏စကားကို ဘာမှ သဘောပေါက်ခြင်းမရှိ။ သူက ခေါင်းကုတ်ကာ ကုတင်ကို ကွေ့ဝိုက်ပြီး ဗီရိုကို သွားကန်လေသည်။

“ ပြီးတော့ရော၊ ခင်ဗျား လျို့လျို့ဝှက်ဝှက်တွေ လုပ်မနေလို့မရဘူးလား? တိုက်ရိုက်ပဲ တစ်ခါတည်း ပြောလိုက်လေ။ ခင်ဗျားရဲ့ နည်းလမ်းဆိုတဲ့ဟာကြီးက ဒီမှာ သိမ်းထားတာလား? ”

ယန့်ဆွေကျီးက အပြုံးနဲ့အတူ ခေါင်းညိတ်ပြလိုက်၏။

“ ဟုတ်တယ်။ အခု အံဆွဲကိုဖွင့်”

Joshua “ .. တစ်ခါတည်း အကုန်ပြောလိုက်လို့ မရဘူးလား? ပြီးတော့ရော?”

သူ့မှာ မျက်မှောင်ကြုပ်လျက် မရပ်မတန့်နိုင်စောဒက တက်နေ၏။ စိတ်မရှည်ဟန် ပေါ်နေပေမဲ့ ညွှန်ကြားသည့်အတိုင်းတော့ လိုက်လုပ်နေရှာသည်။

ယန့်ဆွေကျီး “ အထဲမှာ ဘာရှိလဲ တွေ့လား?”

Joshua “ အခွေတစ်ခု .. ခဲပြားလိပ်?”

ယန့်ဆွေကျီး၏အပြုံးမှာ ပို၍ ပီတီရွှမ်းလာကာ
“ အင်း အဲဒီဟာ။ မင်းလုပ်ရမှာက အဲဒါ ဖြဲယူပြီးတော့ မင်းပါးစပ်ပေါက်ကို ပိတ်ထားဖို့။ အဲဒါဆို ငါတို့ ဖြေရှင်းနည်းကို စဉ်းစားထွက်လိမ့်မယ်။”

Joshua “ ……….. ”

ချက်ချင်းဆိုသလိုပင် Joshua၏ လက်များက ရှေ့ကို ဆန့်ထုတ်လာ၏။

ယန့်ဆွေကျီးက ပြုံးလျက်ပင် “ မင်းအဲ့ ဗီရိုကို ဖျက်ဆီးရဲ ဖျက်ဆီးကြည့် မင်းရှေ့နေ မရှိတော့ဘူးမှတ်။”

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now