Chapter 11

20 7 0
                                    


ကုယန်က ဝတ်ရုံကို ထုတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ပြန်ပိတ်တယ်။ ပြီးနောက် ယန့်ဆွေကျီးဆီ ခေါင်းလှည့်လာတယ်။

“ ပြောချင်တာက မင်းက တရားခံရှေ့နေ လုပ်ရမယ်လို့” 

“ ဘာလို့ ငါ့ကို သွားစေချင်တာလဲ?”

ကုယန်က ပြန်ရပ်လိုက်တယ်။ မျက်ခုံးအနည်းငယ် တွန့်ချိုးနေရင်းနဲ့
“ မင်းဒီမှာ အလုပ်သင်အတွက်လာတယ်ဆိုတာ သေချာရဲ့လား?”

ကုယန်က သူ့စိတ်ခံစားချက်တွေကို မျက်နှာပေါ် ပေါ်လွင်စေတတ်တဲ့သူမျိုးမဟုတ်။ ပုံမှန်အားဖြင့် မျက်နှာထားက အေးခဲနေကာ ခံစားချက်ကို ဖတ်မရနိုင်တာများတယ်။

အခုလည်း ယန့်ဆွေကျီးက ကုယန်သူ့ကို ဘာလို့ ဒီလိုမျိုးခိုင်းရသလဲဆိုတာကို နားမလည်ဖြစ်နေတယ်။ ဆိုတော့ သူက တဖက်လူ မျက်လုံးတွေနဲ့ စေ့ဆိုင်လိုက်ကာ ယုံကြည်ချက် အပြည့်‌ လေသံနဲ့ ပြောတယ်။

“ အင်းပေါ့။ ငါက ဒီကို အလုပ်သင် အတွေ့အကြုံယူဖို့ လာတာမဟုတ်ရင် ဘာအတွက် လာတယ်လို့ ထင်တာလဲ။ မင်းရဲ့ မေးခွန်းက တကယ် စိတ်ဝင်စားစရာပဲ”

ကုယန်က ခံစားချက်မပါတဲ့အသံနဲ့ပဲ ‘အိုး’လို့အသံပြုလိုက်တယ််။

“အခုချိန်ထိ မင်းဆီမှာ အလုပ်သင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သဘောထားမျိုး တစ်စက်လေးမှ မတွေ့ရသေးဘူး”

“ ဘယ်လိုမျိုး သဘောထားလဲ?”

“ စဉ်းစားကြည့် တခြားအလုပ်သင်တွေကိုသာ တရားခံစားပွဲမှာ သွားထိုင်ဖို့ ပြောလာရင် သူတို့ရဲ့ တုန့်ပြန်မှုက ဘယ်လိုဖြစ်မယ်ထင်လဲ?”

ဘာတုန့်ပြန်မှု?

“ တုန်နေပြီးတော့ သူတို့ မျက်လုံးကနေ ကြယ်‌‌ရောင်လရောင်တွေ ဖြာထွက်နေမှာ” ယန့်ဆွေကျီးက ဖြေတယ်။

“ …….”

ဘယ်လိုကြီးတောင် သုံးနှုန်းလိုက်တာလဲ။

ကုယန်- “ မင်းကျတော့ရော၊ ဘယ်လိုတုန့်ပြန်မှု လုပ်ခဲ့တာလဲ။ မင်းကို လေ့ကျင့်ဖို့ အခွင့်အရေးပေးလိုက်တာနဲ့မတူဘဲ ကွပ်မျတ်ရေး သေနတ်အဖွဲ့ဆီ ပို့လိုက်သလိုပဲ”

အထက်တန်း ရှေ့နေ ( ဘာသာပြန် )Where stories live. Discover now