Joshua Dale ကို တရားခွင်ထဲ ၁၀ နာရီအတိမှာ ခေါ်သွင်းလာတယ်။ တခြားသူတွေနဲ့မတူဘဲ သူ့ကိုတော့ ကျည်ကာဖန်သားနဲ့ ကာထားတဲ့ ဖြတ်ထိုးဖောက်မြင်နိုင်တဲ့ အခန်းတွင်းထဲမှာ ထိုင်စေတယ်။Joshuaအတွက်ထို နေရာမှာ ထိုင်ရတာက အခုက ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ဒီအမှုက စခဲ့တာ အတော်ကလေး ကြာပြီဖြစ်ပြီး ကြားနာမှုရက်ချိန်းတွေလည်း အကြိမ်အနည်းငယ်ရှိခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ သူ့အနေနဲ့ တရားဝင်လုပ်တမ်းနည်းစဉ်တွေကို သဘောမပေါက်သေး။
“ ဂျူရီတွေရော? ဘာလို့ ဂျူရီတစ်ယောက်မှ မရှိတာလဲ?”
Joshua ကတစ်ခန်းလုံးကို ဝေ့ကြည့်ကာဆိုတယ်။ သူ့အနေနဲ့ တရားရုံးရဲ့ လုပ်နည်း လမ်းစဉ်တွေကို နားမလည်သေးမှန်း သိသာတယ်။
ထိန်းသိမ်းရေးစခန်းကနေ လိုက်ပါလာတဲ့ အစောင့်နှစ်ယောက်က သူ့ရဲ့ တစ်ဖက်တစ်ချပ်မှာ ရပ်နေတယ်။ နှစ်ယောက်စလုံးက မျက်နှာတည်နဲ့ သူတို့မျက်နှာတွေက ရှေ့တည့်တည့်ကို မူနေကာ ဖိအားပေးတဲ့ လေထုကို ထုတ်လွတ်ပေးနေတယ်။
တစ်ယောက်က Joshua ရဲ့စကားကို ကြားလိုက်တယ်။ သူက နှာမှုတ်ကာ နှုတ်ခမ်းလှုပ်ရုံ အသံနဲ့ ပြောတယ်။
“ ဘာလို့ ဂျူရီရှိဖို့လိုရမှာလဲ?”
အာမခံ ထုတ်ယူခြင်း ကိစ္စတွေမှာက တရားသူကြီးပဲ ရှိရင် လုံလောက်ပြီဖြစ်တယ်။
Joshua ရဲ့ မျက်နှာက မှုန်မှိုင်းသွားတယ်။ တရားသူကြီးပဲ ရှိမှာဆိုတဲ့ စကားက သူ့အတွက် သတင်းကောင်း မဟုတ်မှန်းသိသာတယ်။ ဘာလို့ဆို တရားသူကြီးက သူ့ကို သဘောမတွေ့ပေ။တကယ်တမ်းတော့ သူ့ကို မကြိုက်တဲ့သူတွေက တော်တော်များတယ်။ သူ့ရဲ့ ပုံစံက ဂျစ်ကန်ကန် မှုန်မှိုင်းမှိုင်းနဲ့ စိတ်ကလည်း ဆတ်သေးတယ်မလား။ နှစ်သက်ချင်စရာ တစ်စက်မျှမရှိ။ ဒါပေမဲ့လည်း ဂျူရီတစ်ယောက်ယောက် ရှိအုံးမယ်ဆိုရင်တော့ သူ့မှာ မျှော်လင့်ချက် အနည်းနဲ့အများ ရှိနိုင်သေးတယ်။
“ အာမခံယူတာလည်း တကယ်မလွယ်ပါလား။ တကယ်ခက်တယ်” Joshua က ညည်းညူတယ်။
သူ့ဘေးက အစောင့်နှစ်ယောက်က အချင်းချင်းကြည့်မိသွားကြတယ်။
YOU ARE READING
အထက်တန်း ရှေ့နေ ( ဘာသာပြန် )
Science FictionMaze university ရဲ့ ဥပဒေကျောင်းက မဟာဌာနမှူး တစ်ယောက်ဖြစ်တဲ့ ငယ်ရွယ်ပြီး အောင်မြင်ကျော်စောတဲ့ ယန့်ဆွေကျီးဟာ အသက် ၂၀ ကျော်အရွယ်ထိ ငယ်ရွယ်သွားအောင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းခံထားရတဲ့ ခန္ဓာကိုယ်နဲ့ ပြန်နိုးထလာခဲ့တယ်။ လူတွေက သူ့ကို လွန်ခဲ့တဲ့ လ...